ဖေ့စ်ဘုတ်ပေါ်မှာ အကဗီဒီယိုတွေ၊ ဟာသဗီဒီယိုတွေ တင်ရင်း်နဲ့ ဖေစ်ဘုတ်ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုတွေကို တခဲနက်ရရှိထားတဲ့ ဖေ့စ်ဘုတ်ဆယ်လီတစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးကတော့ လတ်တလောမှာ ပရိသတ်တွေကြား တဖြည်းဖြည်းနဲ့ ပိုပိုပြီး နာမည်ရလာတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်နေပါပြီ။

သူမကတော့ နယ်ပွဲတွေကိုလည်း မနားတမ်း လှည့်လည်ဖျော်ဖြေနေရပြီး လတ်တလောမှာတော့ မုံရွာမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ မိုးညှင်းသဗ္ဗုဒ္ဓေ ဘုရားနဲ့ ဗောဒိတစ်ထောင် ရပ်တော်မူ ဘုရားကြီးကို ရောက်ရှိနေတဲ့ သူမရဲ့ ဓါတ်ပုံလေးတွေကို တင်ပေးထားပါတယ်။

မြန်မာဆန်ဆန် ယဉ်ယဉ်လေးဝတ်စားထားပြီး သနပ်ခါး ပါးကွက်ကျားလေးနဲ့ ဖြူဖြူထွေးရဲ့ ဓါတ်ပုံလေးတွေက ကလေးတစ်ယောက်လို အရမ်းကို ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Phyu Phyu htwe