ပရိသတ်တွေကြားမှာတော့ “မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန” ဆိုတဲ့ မြန်မာဇာတ်လမ်းတွဲက အရမ်းကို နာမည် ကြီး နေပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ပရိသတ်တွေရဲ့ တခဲနက်ချစ် ခင် အားပေးမှု ကိုပါ ရ ရှိပိုင်ဆိုင်နေကြတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာ မောင်မြင့်နေရာက သရုပ်ဆောင်တဲ့ ဖြိုးရာဇာနိုင်ကို ဆိုရင် လည်း အခုဆိုရင် ပရိသတ်တွေ အများကြီးကပါ ချစ်ခင်အားပေးလာကြတာကိုတွေ့ရပါတယ်။

Image from Phyoyarzar Naing ‘s fb
Image from Phyoyarzar Naing ‘s fb

“မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန”  ဇာတ်ကားကတော့ စာရေးဆရာ လယ်တွင်းသားစောချစ်ရဲ့ ၀တ္ထုကို ဇာတ် လမ်းတွဲ အဖြစ် ပြန် လည် ရိုက်ကူး ထားတာပါ။ ဒါရိုက်တာကတော့ ပြည်သစ်နိုင်ပါ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ အောင်မင်းခန့်၊ထက်မြက်၊ကောင်း ဆက်နိုင်၊ဖြိုးရာဇာနိုင်၊နေခြည်ရွှန်းလက်၊ ဂရိတ် ချမ်း၊၀ိုင်းရွှေရည်၊ဖြိုးသံသာချို၊ ဇင် ၀ိုင်း၊ညီနန္ဒ၊ခိုင်နှင်းဝေ၊ပွင့်နီဒီမောင်နဲ့ တခြားသရုပ်ဆောင်တွေ အများကြီး ပါဝင် ထားပါ တယ်။ ဖြိုးရာဇာနိုင်ကတော့ ဒရိုင် ဘာ မောင်မြင့် နေရာကနေ သရုပ်ဆောင်ထားတာပါ။

အခုဆိုရင်တော့ မောင်မြင့်ဆိုတဲ့ ဖြိုးရာဇာနိုင်တစ်ယောက် နာမည်ကြီးမင်းသမီး မအေးသောင်းနဲ့ အတူ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးနေပါတယ်။ပြင်ဦးလွင်မှာ ရုပ်ရှင်ရိုက်နေကြတာပါ။ ရိုက်ကွင်းပုံရိပ်တွေကိုတော့ သူ့ရဲ့ အကောင့်မှာ အခု လို ဝေမျှ ပေးထားပါတယ်။

Image from Phyoyarzar Naing ‘s fb
Image from Phyoyarzar Naing ‘s fb

“မအေးသောင်း နဲ့ ရုံကြီးကားတစ်ကားရဲ့ Shooting တစ်ခုမှာဗျာ 🎬🎬🎬🎬…………….” ဆိုပြီး သူ့အကောင့်မှာ တင်ထားတာပါ။လက်ရှိပြသနေတဲ့ မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန ဇာတ်ကားပြီးရင်တော့ ခြူးလေးနဲ့ နက္ခတ် တို့ရဲ့ ချစ်ရပါသောနွေ ဆိုတဲ့ ဇာတ်လမ်းတွဲ အသစ်လေးကိုတော့ (19.6.2019) ရက်နေ့ ၊ည (၇) နာရီကျရင် အပတ်စဉ် တနလာင်္ နေ့မှ သောကြာနေ့ အထိ ပုံမှန်ထုတ်လွှင့်ပြသတော့မှာပါ။

Image from Phyoyarzar Naing ‘s fb

Source: ဖြိုးရာဇာနိုင်