MRTV 4 ဇာတ်လမ်းတွဲတွေကတော့ ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးပါတယ်။ဇာတ်လမ်းတွဲတွေ နဲ့ အတူ အဲ့ဒီဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေကလည်း ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစား နာမည်ကြီးပြီး နောက်ဆုံးမှာ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် အဖြစ် ရပ်တည် သွားနိုင်ကြတာ များပါ တယ်။လက်တလောမှာ ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲရဲ့ နာမည်ကတော့  “မျက်လုံးမှာအလွမ်း နှုတ်ခမ်း မှာမာန” ပါ။ ဒီဇာတ်ကားထဲမှာ မောင်မြင့်နေရာကနေ သရုပ်ဆောင်ထားတဲ့ ဖြိုးရာဇာနိုင်ကလည်း အရမ်းကို နာမည်ကြီး နေပါတယ်။

Image – ဖြိုးရာဇာနိုင်ရဲ့ fb
Image – ဖြိုးရာဇာနိုင်ရဲ့ fb
Image – ဖြိုးရာဇာနိုင်ရဲ့ fb

ဒီဇာတ်ကားလေးကတော့ စာရေးဆရာ လယ်တွင်းသားစောချစ်ရဲ့ ၀တ္ထုကို ဇာတ်လမ်းတွဲ အဖြစ် ပြန် လည် ရိုက်ကူး ထားတာပါ။ ဒါရိုက်တာကတော့ ပြည်သစ်နိုင်ပါ။သရုပ်ဆောင်တွေ အနေနဲ့ကတော့ အောင်မင်းခန့်၊ထက်မြက်၊ကောင်း ဆက်နိုင်၊ဖြိုးရာဇာနိုင်၊နေခြည်ရွှန်းလက်၊ ဂရိတ် ချမ်း၊၀ိုင်းရွှေရည်၊ဖြိုးသံသာချို၊ဇင်ဝိုင်း၊ညီနန္ဒ၊ခိုင်နှင်းဝေ၊ပွင့်နီဒီမောင်နဲ့ တခြားသရုပ်ဆောင်တွေ အများကြီး ပါဝင် ထားပါ တယ်။

Image – ဖြိုးရာဇာနိုင်ရဲ့ fb
Image – ဖြိုးရာဇာနိုင်ရဲ့ fb
Image – ဖြိုးရာဇာနိုင်ရဲ့ fb

အောင်မင်းခန့်နဲ့ နေခြည်ရွှန်းလက် တို့ကတော့ အဓိက သရုပ်ဆောင်တွေ အဖြစ်ပါဝင်ထားတာပါ။ဖြိုးရာဇာနိုင်ကတော့ ဒီဇာတ်ကားမှာ နှင်းနွေ  (နေခြည်ရွှန်းလက်)ရဲ့ အိမ်က ဒရိုင်ဘာ မောင်မြင့် အဖြစ်နဲ့ သရုပ်ဆောင်ထားတာပါ။

Image – ဖြိုးရာဇာနိုင်ရဲ့ fb
Image – ဖြိုးရာဇာနိုင်ရဲ့ fb
Image – ဖြိုးရာဇာနိုင်ရဲ့ fb

နှင်းနွေအပေါ် အစ်မတစ်ယောက်လို ချစ်ခင်လေးစားခဲ့ပေမယ့် ဘေးလူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် မကြံ ကောင်း တဲ့အရာတွေကို ကြံစည်ခဲ့တဲ့ မောင်မြင့်နေရာကနေပါဝင်ထားတာပါ။နှစ်ကြိမ် တိုင်တိုင် ကြံစည် ခဲ့ တဲ့ မောင် မြင့်ကတော့ ပရိသတ်တွေရဲ့ အမုန်းကို ခံခဲ့ရပါတယ်။ဖြိုးရာဇာနိုင်ကလည်း သူ့ရဲ့ ကျရာ ဇာတ်ကောင် မောင်မြင့် နေရာ ကို အပိုအလို မရှိပီပြင်စွာသရုပ်ဆောင်သွားနိုင်တာကို တွေ့ရပါတယ်။

Image – ဖြိုးရာဇာနိုင်ရဲ့ fb
Image – ဖြိုးရာဇာနိုင်ရဲ့ fb
Image – ဖြိုးရာဇာနိုင်ရဲ့ fb

Source ဖြိုးရာဇာနိုင်