ဖြိုးသံသာချို ကတော့  မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန ဆိုတဲ့ ဇာတ်လမ်းတွဲ ထဲမှာ ၀တ်ရည်ဆိုတဲ့ ဇာတ်ေ ကာင်နေရာ ကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကောင်အရ ပရိသတ်တွေရဲ့ အမုန်းကို ခံ နေရသူပါ။ သူမနဲ့ ဗီလိန်ဇာတ်ကောင်ကိုပဲ ပရိသတ်တွေက တွဲမြင်နေကြတာပါ။ သူမဟာ အရင်ကလည်း မိုးကောင်းကင်အိပ်မက် ဆိုတဲ့ ဇာတ်ကားမှာ ဂျမ်းပုံဆိုတဲ့ ဗီလိန်ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့သူပါ။

Image from Phyo Thanthar Cho’s fb
Image from Phyo Thanthar Cho’s fb
Image from Phyo Thanthar Cho’s fb

ဖြိုးသံသာချိုကတော့ ဇွန်လရဲ့ တတိယမြောက် တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ Father’s Day  မှာ အဖေ နဲ့ ပတ်သက်တဲ့ အမှတ်တရ စကားလေးကို ပြောခဲ့ပါတယ်။ အဖေကို ဆုံးရှုံးထားတာ နှစ်နှစ် ပြည့် တော့မယ် ဆိုပေမယ့် ရင်ထဲမှာတော့ အဖေက အမြဲရှိပါတယ်လို့ အခုလို ရင်ဖွင့်ခဲ့ပါတယ်။

“ကျွန်မမှာအဖေမရှိတော့ပါဘူး ကျွန်မဘဝထဲကိုခဏဝင်လာတယ်ပြီးတော့ ကျွန်မဘဝထဲကနေအပြီးထွက်သွားတာ ၂နှစ်ပြည့်တော့မယ်…😢😢
ဒါပေမဲ့ ကျွန်မရင်ထဲမှာအဖေဆိုတာအမြဲရှိနေတဲ့အတွက်
သူများတွေလိုဘဲ Happy Father’s Day ပါအဖေ🎂🎂…” ဆိုပြီး ရင်ဖွင့်ထားတာပါ။

Image from Phyo Thanthar Cho’s fb
Image from Phyo Thanthar Cho’s fb
Image from Phyo Thanthar Cho’s fb

ဇာတ်ကောင်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ပရိသတ်အမုန်းကို ခံနေရတဲ့ သူမကတော့ တစ်ဖက်မှာ လည်း သူမရဲ့ အနုပညာအတွက် ကျေနပ်သလို တစ်ဖက်မှာလည်း ဗီလိန်လုပ်ပြီး ပရိသတ်အမုန်းတွေကိုပဲ ရနေလို့ အနည်းငယ်စိတ်မကောင်းဖြစ်နေပုံရပါတယ်။ ဇွန်(၁၃)ရက်နေ့က ပရိသတ်ချစ်တာကို ခံဖူးချင်တယ်လို့ အခုလို ဖွင့်ဟ လာပါတယ်။

“comment တွေဖတ်ပြီးအားရလိုက်တာ😂😂
မင်းသားနဲ့မင်းသမီးကိုလူတွေဝိုင်းပြီးချစ်ကြဖို့အတွက် ကိုယ်တွေကဗီလိန်လုပ်ပြီး ပရိတ်သက်တွေမုန်းတာခံရတဲ့ဘဝ so sad😢😢😢 တစ်ခါတစ်လေလေး ပရိတ်သက်တွေချစ်တာခံဖူးချင်လိုက်တာ😰…………….” ဆိုပြီး ပြောထား ပါတယ်။

Image from Phyo Thanthar Cho’s fb
Image from Phyo Thanthar Cho’s fb
Image from Phyo Thanthar Cho’s fb

Source ဖြိုးသံသာချို