ပရိသတ်တွေချစ်ရတဲ့ ငယ်ပေါင်းကြီးဖေါ်အနုပညာရှင်နှ်စ်ဦးဖြစ်တဲ့ ဟက်ကတ်နဲ့ ဖြိုးငွေစိုးတို့ကတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ကပြန်လည်တွေဆုံခဲ့ကြပါတယ်။ သူတို့နှစ်ဦးကတော့ တွေ့တုန်း အရင်က အမှတ်တရတွေကိုလည်း ပြောခဲ့ကြပါသေးတယ်လို့ ဖြိုးငွေစိုးက သူ့ရဲ့ ဖေစ်ဘုတ်မှာရေးထားပါသေးတယ်။

သားတစ်ယောက်အဖေ ဖြိုးငွေစိုးကတော့ ဟက်ကတ်ကို ငယ်ပေါင်းကြီးဖေါ်လူပျိုကြီးဆိုပြီး စနောက်ထားပါသေးတယ်။သူတို့နှစ်ဦးကတော့ ရုပ်ရှင်ဗီဒီယိုကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖူးပြီး ညီအစ်ကိုလို ခင်မင်ကြတဲ့ အနုပညာရှင်နှစ်ဦးလည်း ဖြစ်ပါတယ်။

ဖြိုးငွေစိုးကတော့ သူငယ်ချင်းအဟောင်နဲ့ ပြန်တွေ့ရလို့ “အသစ်တွေနဲ့တွေ့ရလွန်းလို့ဟောင်းသလို
စိတ်ကထင်နေပေမဲ့ အဟောင်းတွေနဲ့ပြန်ဆုံမှကျွန်တော်တို့မဟောင်းသေးမှန်းသိတယ်”ဆိုတဲ့ စာသားကိုရေးပြီး သူငယ်ချင်းအဟောင်းတွေနဲ့ တွေသင့်ကြောင်း ပရိသတ်တွေကို တိုက်တွန်းထားပါသေးတယ်။ အဟောင်းကိုချစ်တက်မှအသစ်ကိုခင်လို့ရတာဗျလို့လည်း ပရိသတ်တွေကို ပြောပြထားပါသေးတယ်။

Source: Phyo Ngwesoe