ပရိသတ်တွေချစ်ရတဲ့ ဖွေးစိန်လေးကတော့ အမြဲဖက်ရှင်ကျကျ အမိုက်စားတွေ ဝတ်တတ်တဲ့ မင်းသမီးလေးတစ်ယောက်ပါ။ ဇန်နဝါရီလ (၂၈)ရက်နေ့မှာလည်း ဖွေစိန်လေးဟာ Junction City မှာ ပြုလုပ်ခဲ့တဲ့ iflix ပွဲကို တကယ့်ကို ဖတ်ရှင်ပုံစံအလန်းစားဝတ်ပြီး တက်ရောက်ခဲ့ပါတယ်။

ဆွဲဆောင်မှုရှိတဲ့ အနီရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ ဖွေးစိန်ကတော့ လူတွေကြားထဲမှာ ထင်းနေတာပါပဲ။ စီးထားတဲ့ ဖိနပ်လေးနဲ့လည်း အရမ်းကို လိုက်ဖက်ညီနေပါတယ်။ အမြဲထူးခြားတဲ့ ဆံပင်ပုံစံတွေကို နှစ်သက်တဲ့ ဖွေးစိန်ကတော့ iflix ပွဲလေးမှာလည်း အမြင်ဆန်းတဲ့ ဆံပင်ပုံစံလေးနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ဖွေးစိန်ရဲ့ အလှဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Phway Phway