ပရိသတ်တွေကြားမှာ လက်တလော အရမ်းကို စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ရုပ်ရှင်ကားကတော့ “င့ါကို နမ်းတဲ့ မုန်တိုင်း ” ဆိုတဲ့ ရုပ်ရှင်ကားပါ။ ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် ဖွေးဖွေးနဲ့ ဂီိတနယ်ပယ်မှာ အောင်မြင်မှုရနေတဲ့ အဆိုတော် လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဖွေးဖွေးကတော့ ယောက်ျား(၂)ယောက်ရဲ့ အချစ်အကြား ဗျာများနေရသူလေးအဖြစ် ပါဝင်ထားပါတယ်။ ဖွေးဖွေးရဲ့ ချစ်သူအဖြစ် လွှမ်းပိုင်၊ ဖွေးဖွေးကိုမှ တစ်ဖက်သတ်အချစ်ကြီး ချစ်နေရသူအဖြစ် ရဲရင့်အောင်က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီကားကိုတော့ ဇွန်လ(၁)ရက်နေ့က စပြီး ရုံတင်ပြသနေပါတယ်။”င့ါကို နမ်းတဲ့ မုန်တိုင်း ” ဇာတ်ကားထဲက သရုပ်ဆောင် တွေဟာ ပရိသတ်တွေ တွေ့ဆုံပြီး အမှတ်တရ လက်မှတ် ရေးထိုးပေးနေပါတယ်။ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက သမ္မတရုပ်ရှင်ရုံ မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အမှတ်တရ လက်မှတ်တွေ ရေးထိုးပေးခဲ့ပါတယ်။ ပရိသတ် တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေကို ဖော်ပြပေးပါတယ်။

from နေမင်းထွန်း(Photographer)