ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့ နာမည်ကျော် သရုပ်ဆောင် ဖွေးဖွေးကတော့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရတဲ့ သူမရဲ့ ဇာတ်ရုပ်ပေါ်အောင် ကြိုးစားသရုပ်ဆောင်တတ်သူတစ်ယောက်ဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်တွေတိုင်း အားပေးချစ်ခင်ကြတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ဖွေးဖွေးက လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်မယ့် “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကိုယ်အလေးချိန် ချလိုက်တဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါတယ်။ ဖွေးဖွေးကတော့ “သူစိမ်းအိမ်” ဇာတ်ကားထဲမှာ “နွေဦး” ဆိုတဲ့ ဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန် တော်တော်လေးကျသွားတဲ့ ဖွေးဖွေးကတော့ သူမရဲ့ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်အချိုးအစားဓါတ်ပုံ ကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါသေးတယ်။ ပရိသတ်တွေလည်း ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ကောင် ပီပြင်အောင် ကြိုးစားနေတဲ့ ဖွေးဖွေးကို အားပေးစကားလေးပြောသွားပါဦးနော်။

Source: Phway Phway