ပြည်သူချစ်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ဖွေးဖွေးကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေများစွာကို မနားတမ်းဆောင်ရွက်နေရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဇန်နဝါရီလ (၁၄) ရက်နေ့မှာလည်း ဖွေးဖွေးဟာ “The Central” Show Gallery ဖွင့်ပွဲ ကို တက်ရာက်ခဲ့ပါတယ်။

ဖွေးဖွေးဟာ ဒီဖွင့်ပွဲကို အရမ်းကိုလှတဲ့ ပန်းဆီရောင် မြန်မာဆန်ဆန် ဝတ်စုံလေးကို ဝတ်ပြီိးလာခဲ့တာဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ဘယ်လို စတိုင်မျိုးနဲ့ မဆို လှနေတာပါပဲနော်။ သူမရဲ့ ဖတ်ရှင်ကျကျ ဝတ်ဆင်တတ်မှုနဲ့၊ လိုက်ဖက်တဲ့ ဝတ်စုံကို ရွေးချယ်တတ်မှုတွေကလည်း ပျိုမေတို့ အတုယူဖွယ်ပါဘဲ။

အဆိုပါဓာတ်ပုံတွေကို ဖွေးဖွေးကိုချစ်တဲ့ ပရိသတ်ကြီးအတွက် သူမရဲ့ လူမှုကွန်ယက်ကနေတစ်ဆင့် ပြန်လည် မျှဝေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဓာတ်ပုံတွေထဲမှာ ဟန်ဆောင်မှုကင်းကင်း၊ စွဲဆောင်မှု ပြည့်ဝစွာနဲ့ Pose ပေးနေတာလေးတွေကလည်း ချစ်စရာပါ။

Source: Phway Phway