ဖွေးဖွေး ကတော့ ပရိသတ်ရဲ့ အချစ်တွေ အများကြီးကိုရထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေးပါ။အကယ်ဒမီဆု တွေ အများကြီးရထားတဲ့ မင်းသမီးလေးပါ။ဖွေးဖွေးကတော့ ရုပ်လေးလည်း လှသလို စိတ်ထားလေးကပါ လှသူပါ။ မကြာခဏ ဆိုသလို အလှူအတန်းတွေ ကို သူမတက်နိုင်သလောက်လေး လုပ်ဖြစ်တဲ့ သူတစ်ယောက်ပါ။အခုလည်း ကန် ဘောင်အလှကို ထိန်းသိမ်းပေးတဲ့ ကန်ဘောင်သန့်ရှင်းရေး ၀န်ထမ်းတွေကို အစားအသောက်တွေ လှူခဲ့ပါတယ်။

Image : IG/Phway Phway
Image : IG/Phway Phway
Image : Fb/Phway Phway

အလှူအဖြစ် ဘဲဥ၊ငါးဖယ်၊သီးစုံပဲကုလားဟင်း တို့ကို လှူခဲ့တာပါ။

“ဘဲဥ ငါးဖယ် သီးစုံပဲကုလားဟင်း
ဖွေးတို့ အိမ်နားက ကန်ဘောင်က မြက်နူတ်ပြီးကန်ဘောင်အလှ ထိန်းသိမ်းပေးတဲ့ အဖွားတွေ ကလေးတွေ ဦးလေးတွေ အတွက် လှူဖို့…
အိုင်ကတော့ ထုံးစံအတိုင်း ငရုတ်သီးဖြူးပါတယ်.. 😅
ရှလွတ်..
Video ကို Comment တွင်ကြည့်ပါ 🤭👇👇👇….” ဆိုပြီး တင်ထားပါတယ်။တကယ့်ကို စားချင်စရာလေးပါ။

Image : IG/Phway Phway
Image : Fb/Phway Phway
Image : Fb/Phway Phway

ဖွေးဖွေးကတော့ ကားအက်စီးဒန့်ကြောင့် လက်ထိခိုက်သွားရပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို လနဲ့ ချီ ပြီး ခဏတာ နားခဲ့ရပါတယ်။လက်မှာတော့ ကျောက်ပတ်တီးစီးရတဲ့ အထိ ဒဏ်ရာရခဲ့ပါတယ်။အခုဆိုရင်တော့ ဒဏ်ရာ ပြန်ကောင်းလာပြီး အနုပညာအလုပ်တွေ ပြန်လုပ်နေပါတယ်။

Image : IG/Phway Phway
Image : IG/Phway Phway

Source ဖွေးဖွေး