ယွန်းယွန်းနဲ့ ဖွေးဖွေးကတော့ ရုပ်ရှင်ကားတော်တော်များများမှာ အတူတူတွဲသရုပ်ဆောင်လေ့ရှိတဲ့ မင်းသမီး နှစ်ဦးဖြစ်ပါတယ်။ နာမည်ကြီး ဇာတ်ကားတစ်ကားဖြစ်တဲ့ “လက်ပံ”ဇာတ်ကားကြီးမှာလည်း ယွန်းယွန်းဟာ ဖွေးဖွေးရဲ့ ငယ်ဘဝဇာတ်ရုပ်အဖြစ် ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

သူတို့ နှစ်ဦးကတော့ ပွဲတွေမှာလည်း တစ်တွဲတွဲ အတူတွေ့ရလေ့ရှိပြီး ညီအစ်မတွေလို ချစ်ခင်ကြတဲ့ ဆက်ဆံရေးမျိုး ပိုင်ဆိုင်ထားကြပါတယ်။ အကယ်ဒမီဖွေးဖွေးက ဇန်နဝါရီ (၁၉)ရက်နေ့မှာ အသက် (၁၈)နှစ်ပြည့်သွားပြီ ဖြစ်တဲ့ သူရဲ့ ချစ်ညီမလေး အကယ်ဒမီယွန်းယွန်းအတွက် မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။

“Happy Belated 18th Birthday Yoon Yoon Lay အရင်ကထက် ပိုလှပိုတော် ပိုအောင်မြင်လာပါစေကွယ်..” လို့ရေးပြီး ယွန်းယွန်းကို ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

Source: Phway Phway