မင်းသမီးချော မေပန်းချီက ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း နေတတ်တဲ့သူ တစ်ယောက်လည်း ဖြစ်တာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမက မိန်းကလေးအများစု အားကျရလောက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

သူမရဲ့ မိုးအေးအေးမှာ ကော်ဖီသောက်နေတဲ့ အကြောင်းကိုတော့ “မိုးအေးအေးနဲ့coffee သောက်ပါအုံးလားအယ်ကိုတို့အယ်မတို့ရေးးး စဉ်းစားလေ ဒီလို ဗလတောင့်တောင့်နဲ့ နပန်းသမားဆိုဒ်ကိုဘယ်မှာသွားရှာမလဲ အခွင့်သာလို့လက်ဝှေ့ထိုးရင်တောင်တစ်တုတ်ဘက်ကသာလောင်း ရူံးရင်နူစ်ဆပြန်လျော်မယ်” လို့ပြောခဲ့ပါတယ်။

အခုမှာတော့ သူမက မိုးအေးအေးနဲ့ ကော်ဖီ သောက်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ သူမကတော့ မြန်မာဝတ်စုံလေးတွေနဲ့ဆိုလည်း လှနေသူဖြစ်သလို ဂျင်းစတိုင်နဲ့လည်း စတိုင်ကျနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်ကြီးအတွက် သူမရဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source : မေပန်းချီစိုးနောင်