မြန်မာနိုင်ငံက မိန်းကလေးတွေ အသည်းစွဲ မင်းသားတစ်ယောက်ဖြစ်တဲ့ အောင်ရဲလင်းကတော့ သူရဲ့ ထူးချွန်တဲ့ အနုပညာစွမ်းရည်နဲ့သာမက  သူရဲ့ အချစ်ဇာတ်လမ်းတွေနဲ့လည်း နာမည်ကြီးသူတစ်ယောက် ဖြစ်ပါတယ်။

အခုလည်း သရုပ်ဆောင် အောင်ရဲလင်းတစ်ယောက် ကောင်မလေးတစ်ယောက်နဲ့အတူ ရင်းရင်းနှီးနှီး တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ အင်တာနက်ပေါ်မှာ အရမ်းကို နာမည်ကြီးနေပြီး၊ ပရိသတ်ကလည်း တိကျတဲ့သတင်းတစ်ခုကို စောင့်နေတယ်လို့ ဆိုရမှာပါ။

ပရိသတ်တွေကတော့ ဒါဟာ အချစ်ရေးကိစ္စတွေနဲ့ နာမည်ကြီးတဲ့အောင်ရဲလင်းရဲ့ အချစ်ဇာတ်လမ်း အသစ်လေးတစ်ခုဖြစ်မယ်လို့ ထင်နေကြပါတယ်။ ဒါကြောင့်လည်း အများအပြား စိတ်ဝင်စားနေကြပါတယ်။

Source: Facebook