MBC ရုပ်သံလှိုင်းကထုတ်လွှင့်တဲ့ ‘Section TV’ ရဲ့ ပီဒီကတော့ မင်းသမီး Song Hyekyoအကြောင်းကို သတင်းထုတ်လွှင့်ခဲ့တာနဲ့ပတ်သတ်ပြီး တောင်းပန်ခဲ့ပါတယ်။

သတင်းတွေအရတော့ ဧပြီလ (၁၉)ရက်နေ့မှာ ကိုရီးယားဆက်သွယ်ရေးစံကော်မရှင်ကနေ အစည်းအဝေးပြုလုပ်ပြီး ‘Section TV’ကို သတိပေးခဲ့တာဖြစ်ပါတယ်။ ‘Section TV’ကတော့ သူတို့ရဲ့ အစီအစဉ်ကနေ (၂၀၁၇) ခုနှစ်တုန်းက ထွက်ပေါ်ခဲ့တဲ့  Song Song စုံတွဲရဲ့ အချစ်ရေးအကြောင်းကို ပြောရင်းနဲ့ Song Hyekyoရဲ့ “kkk_yyyooo”ဆိုတဲ့ အင်စတာဂရမ်ကို အကောင့်ကို ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီ အင်စတာဂရမ်အကောင့်ကတော့ ပရိသတ်တွေတိုင်းသိကြတဲ့ “kyo1122” အကောင့်လိုမဟုတ်ပဲ သူမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် သီးသန့်သုံးတဲ့ (Private Instagram) အကောင့်ဖြစ်ပါတယ်။

သတိပေးပြောဆိုမှုတွေရရှိခဲ့ပြီးနောက်မှာတော့ အစီအစဉ်ရဲ့ ပီဒီ Choi WonSuk ဟာ ကိုယ်တိုင်ကိုယ်ကျ ပရိသတ်တွေကိုတောင်းပန်ခဲ့ပါတယ်။ “မထင်မှတ်ပဲ ဖြစ်သွားခဲ့တာဖြစ်ပြီး ဒီကိစ္စအတွက် တကယ်ပဲတောင်းပန်ပါတယ်။ Song Hyekyo, Song Joongki, ပရိသတ်တွေနဲ့ ကြည့်ရှုသူ ပရိသတ်တွေကိုလည်း တကယ်ပဲ တောင်းပန်ပါတယ်”လို Choi WonSuk ပြောကြားခဲ့ပါတယ်။

Source: Kstarlive