သရုပ်ဆောင်ရတဲ့ ဇာတ်လမ်းဇာတ်ကွက်တိုင်းကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့သူတစ်ယောက်ဖြစ်တဲ့ ပတ်ထရစ်ရှာကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်း ပြုလုပ်နေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။


ပတ်ထရစ်ရှာကတော့ ဒီကနေ့မှာလည်း မကြာခင် ပြသတော့မယ့် ‘တစ္ဆေများနှင့် ပျော်မြူးခြင်း’ ရုပ်ရှင်ကား အထူးပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ပတ်ထရစ်ရှာကတော့ မြင်သူတကာ ငေးသွားစေမယ့် အလှတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။


ပတ်ထရစ်ရှာကတော့ ‘တစ္ဆေများနှင့် ပျော်မြူးခြင်း’ ရုပ်ရှင်ကားထဲမှာ မြင့်မြတ်၊ အိချောပိုတို့နဲ့အတူ တွဲဖက်ပြီး သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


ပတ်ထရစ်ရှာရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို ဝေမျှပေးလိုက်ပါတယ်။
Source: Patricia