ဇူလိုင်လ ၂ ရက်နေ့မှာတော့ တရားမဝင်ဆေးသုံးစွဲမှုကြောင့် အစစ်ဆေးခံနေရတဲ့ အဆိုတော်/မင်းသား Park Yoochunကို တရားရုံးကနေ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ Park Yoochun ကတော့ ၁၀ လထောင်ဒဏ်ကျခံရမှာဖြစ်ပြီး စောင့်ကြည့်ကာလ၂ နှစ်နဲ့ ဒဏ်ငွေ ၁.၄ သန်းဝမ်ကို ပေးဆောင်ရမှာဖြစ်ပါတယ်။

YTN news

Park Yoochun ကတော့ အမိန့်ချခံရပြီးနောက်မှာ Gyeonggi တရားရုံးရှေ့မှာ စောင့်နေကြတဲ့ မီဒီယာတွေရှေ့မှာပဲ တောင်းပန်စကားပြောခဲ့ပါတယ်။

YTN news

Park Yoochun ကတော့ “လူတွေအများကြီးကို သောကရောက်စေတဲ့အတွက် နောက်တစ်ကြိမ်ထပ်ပြီးတော့ ဦးညွတ်ပြီး တောင်းပန်ချင်ပါတယ်။ အဖွဲ့အစည်းတွေအတွက် လုပ်အားပေးကူညီပြီး ဘဝကို ရိုးရိုးသားနေနိုင်ဖို့အတွက် ကြိုးစားပါမယ်။ တောင်းပန်ပါတယ်” လို့ ငိုရင်း ပြောခဲ့ပြီး မီဒီယာတွေက ပရိသတ်တွေအတွက် ပြောစရာစကားရှိလားလို့မေးတဲ့အခါမှာတော့ ငိုနေတာကို ထိန်းလိုက်ပြီး “တောင်းပန်ပါတယ်… ပရိသတ်တွေကို အရမ်းတောင်းပန်ပါတယ်” လို့ပြောခဲ့ပါတယ်။

Source: Kstarlive