ကိုရီးယားမင်းသမီးချော Park Shinhye ရဲ့ ဇာတ်ကားသစ်ကို မျှော်နေကြတဲ့ သူတွေ အတွက် သတင်း ကောင်းရှိပါ တယ်။ဇာတ်ကားသစ်ရိုက်ကူးဖို့ကို အတည်ပြုပေးလိုက်ပါပြီ။ ဒီအကြောင်းကိုတော့ kstarlive မှာ ဖော်ပြ ထား တာပါ။Park Shinhye ကတော့ Yoo Ahin နဲ့ အတူ ဇာတ်ကားသစ်ရိုက်ကူးတော့မှာပါ။ သူတို့ရိုက်မယ့် ဇာတ်ကား ရဲ့ နာမည်ကတော့ ‘#ALONE’ (ယာယီပေးထားတဲ့နာမည်) ပါ။

Image:IG/Yoo Ahin
Image:IG/Park Shinhye

ဒီဇာတ်ကားမှာတော့ Park Shinhye နဲ့  Yoo Ahin  တို့က Yubin နဲ့ Junwoo ဆိုတဲ့ ဇာတ်ကောင်တွေ အဖြစ် သရုပ်ဆောင်သွားကြမှာပါ။သူတို့နှစ်ယောက်ကတော့ ရောဂါကူးစက်ခံရပြီး သီးခြားခွဲထားတဲ့ မြို့က အသက်ရှင် ကျန်ရစ်သူ နှစ်ဦးပါ။နှစ်ယောက်သား ဘယ်လို မျိုး ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေနဲ့ တွေ့ ကြုံ ရမလဲ ဆိုတာကို တော့ ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ။

Image:IG/Park Shinhye
Image:IG/Yoo Ahin

သူတို့နှစ်ဦးဟာ ‘Silence,’ ‘Hyung,’ and ‘Memories of the Alhambra’ (Park Shinhye) ၊’Burning,’ ‘The Apostle,’  ၊ ‘Veteran’ (Yoo Ahin) ….အစရှိတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးပြီးသား အနုပညာရှင်နှစ်ေ ယာက်ပါ။’#ALONE’ (ယာယီပေးထားတဲ့နာမည်) ဇာတ်ကားကိုတော့ ဒါရိုက်တာ Jo Ilhyeong  က ရိုက်ကူး သွားမှာပါ။ ဒီဇာ တ်ကားကိုတော့ (၂၀၁၉) ဒုတိယနှစ်ဝက်လောက်မှာ ပြသမယ်လို့ မျှော်လင့်ရပါတယ်။

Image:kstarlive.

#CELENOW (kstarlive)