Choi Tae Joonကတော့ သူရဲ့ အေဂျင်စီကနေတစ်ဆင့် သူနဲ့ Park Shin Hye ရည်းစားတွေဖြစ်နေကြာင်းကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေအဖြစ်စတင် သိကျွမ်းခဲ့တာဖြစ်ပြီး မနှစ်က နှစ်ကုန်ပိုင်းမှာ ချစ်သူတွေ ဖြစ်သွားကြတာဖြစ်ပါတယ်လို့ Choi Tae Joonရဲ့ အေဂျင်စီကနေ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Park Shin Hyeရဲ့ အေဂျင်စီကလည်း ပြီးခဲ့တဲ့ တစ်နာရီလောက်ကမှာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ငြင်းဆိုခဲ့ပေမဲ့ အခုအချိန်မှာတော ကြေငြာချက်အသစ်ကို ထုတ်ပြန်လိုက်ပါပြီ။ “Park Shin Hye နဲ့ Choi Tae Joonတို့ဟာ သူငယ်ချင်းတွေ အဖြစ်စတင် ခင်မင်ခဲ့ကြပေမဲ့ ၂၀၁၇ နှစ်ဆုံးပိုင်းလောက်မှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးဟာ ခက်ခဲတဲ့ အချိန်တွေမှာ အချင်ချင်းဖေးမအားပေး နေလာခဲ့ကြပြီး ချစ်သူတွေဖြစ်လာကြတာပါလို့လည်း Park Shin Hyeရဲ့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

Source: Koreaboo