Park Seojoon နဲ့ Park Minyoung  တို့နှစ်ယောက်ကတော့ မေလ(၃၀)ရက်နေ့က ကျင်းပပြုလုပ်တဲ့ ‘What’s Wrong with Secretary Kim.’  ဇာတ်ကားရဲ့ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပါတယ်။ Yeongde ungpo Times Square ကAmoris Hall မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲမှာတော့ နှစ်ဦးကြား အရမ်းကို ရင်းနှီးနေကြောင်းကို မီဒီယာတွေကရော ပရိသတ်တွေကပါ သတိထားမိခဲ့ပါတယ်။ ‘What’s Wrong with Secretary Kim.’ ဆိုတဲ့ ဇာတ်ကားကတော့ tvN  ရဲ့ ဒရမ်မာကားသစ်ဖြစ်ပြီး ဇွန်လ(၆)ရက်နေ့ကစပြီး ထုတ်လွှင့်ပြသသွားမှာပါ။

kstarlive
kstarlive
kstarlive

Park Seojoon က  “ကျတော်က ‘Unstoppable High Kick,’  ရဲ့ အမာခံပရိသတ်ပါ..ဒီဇာတ်ကားကို ကျတော် တပ်ထဲမှာတုန်းက ကြည့်ခဲ့တာပါ..ကျတော် စီနီယာ ဒီကားကို ထပ်ခါ ထပ်ခါ ကို ပြန်ကြည့်တာပါ..ဒါကြောင့် ကျတော် လည်း တစ်ပိုင်းမှကို မလွတ်ပဲ ကြည့်ဖြစ်ခဲ့တာပါ..သူမ(Park Minyoung) ကို အရမ်းလေးစားပါတယ်..အဲ့ဒီအချိန် တုန်းက သူမနဲ့ အတူ လက်တွဲ ပြီး အလုပ်လုပ်ချင်တဲ့ ဆန္ဒဖြစ်ခဲ့ဖူးတယ်..အခုတော့ ဒီဆန္ဒပြည့်ဝခဲ့ပါပြီ..” ဆိုပြီး ပြောခဲ့ပါတယ်။

kstarlive
kstarlive
kstarlive

အလားတူပါပဲ Park Minyoung ကလည်း ” ဒီ့မတိုင်ခင်တုန်းက သူ့ရဲ့( Park Seojoon) ဇာတ်ကားတွေကို ကြည့်ဖူးပါတယ်..သူက တကယ်တော်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ..သူနဲ့ များ အလုပ်အတူတွဲလုပ်ရင် ဘယ် လိုများနေမလဲဆိုပြီး ကျမအမြဲသိချင်နေခဲ့တာ..သူက အရည်အချင်းရှိတယ်..တခြားသူတွေ အပေါ် လည်း ဂရုစိုက် တတ်တယ်..သူ့ရဲ့ ဇာတ်ကောင်( character) အပေါ်ကိုလည်း အလွယ်တကူ ခံစားချက်ထည့် ဇာန် ၀င် စားနိုင်တယ်..ဇာတ်ကောင်အတွက် ဘာလိုလဲ ဆိုတာ သူသိတယ်..တခြားသူတွေက သူ့ကို ဘာလို့ romantic comedy dramas ကားတွေရဲ့ ဆရာကြီးလို့ ခေါ်လဲဆိုတာ ကျမ အခုသိလိုက်ပါပြီ..” ဆိုပြီး တစ်ဦးနဲ့ တစ်ဦး အပြန် အလှန်ချီးမွင်းခန်းတွေ ဖွင့်ခဲ့ပါတယ်။

kstarlive

Source kstarlive