နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသား တစ်ယောက်ဖြစ်တဲ့ Park Seo Joon ကလည်း tvN ရဲ့ Record of Youth ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ်လို့ သတင်းတွေ ထွက်ရှိနေခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ တနင်္လာနဲ့ အင်္ဂါနှစ်ရက်မှာ ပြသနေတဲ့ tvN ရဲ့ Record of Youth ဇာတ်လမ်းတွဲမှာ တာဝန်ရှိတဲ့သူတစ်ဦးက ဒီသတင်းကို အတည်ပြုပေးခဲ့ပါတယ်။ “ဟုတ်ပါတယ်၊ Park Seo Joon က ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်သွားမှာပါ။ ဒါပေမယ့်လည်း ဘယ်နေရာမှာ ဘယ်လို ဇာတ်ဆောင်မျိုးနဲ့ ပါဝင်သွားမယ်ဆိုတာတော့ ဇာတ်လမ်းထဲမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်” လို့ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

 ဒီနှစ်အစောပိုင်းတုန်းက Park Seo Joon ရဲ့ Itaewon Class ဇာတ်လမ်းတွဲမှာ Park Bo Gum က ဧည့်သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့ပြီး ပရိသတ်တွေကို အံ့သြစေခဲ့ပါတယ်။ အခုတစ်ခါ Park Bo Gum ရဲ့ ဇာတ်လမ်းတွဲမှာ Park Seo Joon က တလှည့်ပြန် ဧည့်သရုပ်ဆောင် လုပ်မှာကို မြင်ရဦးမှာပါပဲ။

 

 

View this post on Instagram

 

A post shared by 박보검 (@_parkbogum) on

Park Seo Joon က ဒီကားမှာပဲ ဧည့်သရုပ်ဆောင် ဖြစ်တာ မဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲမှာ ပါဝင်တဲ့ မင်းသမီး Park So Dam ရဲ့ Parasite ရုပ်ရှင်မှာလည်း ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ ပရိသတ်တွေကတော့ ဇာတ်လမ်းတွဲထဲမှာ Park So Dam နဲ့ Park Seo Joon တို့ ဆုံတွေ့ဦးမလားဆိုတာကို စိတ်ဝင်စားနေကြပါတယ်။

 

လက်ရှိမှာတော့ Record of Youth ဇာတ်လမ်းတွဲကို tvN ကနေ တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း ကိုရီးယားစံတော်ချိန် ည ၉ နာရီမှာ ထုတ်လွှင့်လျက် ရှိနေပါတယ်။ ဒီဇာတ်လမ်းကို ကြည့်နေတဲ့ ပရိသတ်တွေကတော့ အားပေးနှစ်ခြိုက်မှုတွေ ရှိနေပါတယ်။

Kham