Park Seo Joon ကတော့ ELLE မဂ္ဂဇင်းရဲ့ နိုဝင်ဘာလထုတ်မှာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ထားပါတယ်။

Chanel Beauty ambassador ဖြစ်ပြီးတဲ့နောက်မှာ ဒါက သူ့ရဲ့ ပထမဆုံး ဓာတ်ပုံရိုက်ကွင်း ဖြစ်ပါတယ်။ ဆွဲမက်ကောင်းတဲ့ ပုံရိပ်တွေကို ရိုက်ကူးခဲ့ပြီး မဂ္ဂဇင်းအတွက်လည်း အင်တာဗျူး ဖြေပေးခဲ့ပါတယ်လို့ soompi ကနေ ရေးသားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by 박서준 (@bn_sj2013) on

လက်ရှိမှာ သူက Dream ဆိုတဲ့ ရုပ်ရှင်ကိုလည်း ရိုက်ကူးလျက် ရှိပါတယ်။ မကြာသေးခင်ကလည်း Itaewon Class ဇာတ်လမ်းနဲ့ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ သူ့ရဲ့ လူငယ်တစ်ယောက်ရဲ့ ပုံရိပ်တွေ ပီပြင်မှုအတွက် မေးမြန်းတဲ့အခါမှာလည်း သူကိုယ်တိုင်ကိုက ရှင်သန်မှု တစ်ခုချင်းက အရေးကြီးတယ်လို့ ထင်ပါတယ်။ လူငယ်တစ်ယောက်အဖြစ် လူငယ်ဆန်ဆန်ပဲ နေပြီး ကျွန်တော့်မှာလည်း အိပ်မက်တွေ ရှိနေပါတယ်။ အနာဂတ်မှာလည်း အများကြီး လုပ်သွားဖို့ ရှိပါတယ်။ ဆိုပြီး ဖြေခဲ့ပါတယ်။

 

 

View this post on Instagram

 

#ELLEcoverstar #광고 #ChanelNo5 28주년을 맞이한 <엘르> 11월호 커버 스타는 배우, #박서준 입니다. 한 번도 흔들림없이 성실함과 뛰어난 연기력으로 젊은 배우를 상징하는 얼굴이 된 박서준. #샤넬뷰티 앰배서더로서 또다른 매력을 보여줄 박서준과 샤넬 그 최초의 만남에 #엘르 가 함께 했습니다. 멋진 화보와 영상, 인터뷰도 기대해 주세요! @bn_sj2013 @chanel.beauty.korea photographer 김희준 beauty editor 정윤지 features editor 이마루 hair stylist 엄정미(prance) makeup artist 달래(prance) fashion stylist 임혜림 set stylist 유혜원 art designer 변은지 – Thrilled to finally reveal our cover star, #ParkSeoJun ! Comment on your favorite among 3 covers. And plz stay tuned for the full cover story of his rendezvous with #No5 🖤🤍

A post shared by ELLE KOREA 엘르 코리아 (@ellekorea) on

သူ့ရဲ့ အရည်အချင်းနဲ့ ပတ်သတ်ပြီး မေးခဲ့တဲ့ အချိန်မှာလည်း သူက “ဒီမေးခွန်းက တကယ် ဖြေရခက်ပါတယ်”လို့ ပြောခဲ့ပြီး “ကျွန်တော်က နေ့စဉ်ဘဝမှာ သန့်သန့်ရှင်းရှင်း နေထိုင်သလို သရုပ်ဆောင်တာကိုလည်း အမြဲ သေချာလေး ထိန်းသိမ်းချင်တဲ့သူပါ။ ဒီအချက်က တခြားသူတွေ ဂုဏ်ယူဝမ်းမြောက်မယ့် အချက်လို့ ထင်ပါတယ်” လို့ ဖြေပေးခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by 박서준 (@bn_sj2013) on

လူမှုရေးကောင်းတဲ့ အချက်ကို မေးမြန်းခဲ့လို့ သူကလည်း အခုလို ဖြေထားပါသေးတယ်။ တစ်ယောက်ယောက်နဲ့ ရင်းနှီးလာလေလေ တစ်ယောက်ကို တစ်ယောက် ပိုပြီး ယဉ်ကျေးလေးစားဖို့က အရေးကြီးလေပဲလို့ ကျွန်တော်က မြင်ပါတယ်။ ကိုယ်က အဲ့သည်လူနဲ့ အတူရှိတဲ့အခါ သက်တောင့်သက်သာ ရှိတာမျိုးထက် နာကျင်စေမယ့် စကားမျိုးတွေ မပြောမိဖို့ကို ပိုအလေးထားပါတယ်လို့ ဆိုပါတယ်။

တကယ့်ကို အေးအေးချမ်းချမ်းနဲ့ စိတ်ကို အကောင်းဆုံးထားတတ်လို့ သူ့ရဲ့ ပရိသတ်တွေကတော့ တကယ့်ကို ဂုဏ်ယူမိစေတော့မှာပါပဲ။

Kham