“What’s Wrong with Secretary Kim.” ဇာတ်ကားကတော့ လက်တလောမှာ အရမ်းကို လူကြိုက်များနေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲပါ။ ကိုရီးယားပြည်တွင်းမှာတင် မဟုတ်ပဲ အာရှပရိသတ်တွေ၊ မြန်မာပရိသတ်တွေပါ အရမ်းကို နှစ်သက်စွာ အားပေးနေကြတာကို တွေ့ရပါတယ်။ ဒီကားမှာတော့ အဓိက ဇာတ်ကောင်တွေ နေရာကနေ ပါဝင်ထားတဲ့ Park Seo Joon နဲ့  Park Min Young တို့ကလည်း ဇာတ်ကားထဲမှာတင်မဟုတ်ပဲ အပြင်မှာပါ အရမ်းကို ရင်းနှီး ခင်မင်ကြတာကို ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေကို ကြည့်ရင်သိနိုင်ပါတယ်။

soompi
soompi

ဒီဇာတ်ကားကို ရိုက်ကူးရာမှာ Park Seo Joon ရဲ့ ဂျက်ကတ်ကို အုပ်မိုးပြီး နှစ်ယောက်သား မိုးလွတ် အောင် ပြေး ကြတဲ့ ဇာတ်ဝင်ခန်းမှာဆိုရင် ကြည့်လိုက်တော့သာ လွယ်ကူတယ်လို့ ထင်ရပေမယ့် ခြေလှမ်းတွေ ညီအောင် ရိုက်ကူးရေး မလုပ်ခင်တည်းက သူတို့နှစ်ယောက် ကြိုတင်လေ့ကျင့်ခဲ့ရပါတယ်။ ဘယ်.ညာ. လှမ်းကြမယ် ဆိုပြီး ကြို ညှိ ခဲ့ရပါတယ်။Park Seo Joon က ဘယ်လို လုပ်ကြမလဲ ဆိုတာကို စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့ပါတယ်။တကယ် ရိုက် တဲ့ အခါမှာတော့ သူတို့ရဲ့ Team work အစွမ်းကို ထုတ်ပြနိုင်ခဲ့ပါတယ်။monitor  screen ကို ပြန်ကြည့်တဲ့ အခါ မှာတော့ Park Seo Joon က “ကျတော်မြင်တာကတော့ ကျတော့်ရဲ့ ချိုင်းကြားကိုပဲ ” လို့ ပြောပြီး ရိုက်ကူးရေး အဖွဲ့ သားတွေကို ပွဲကျစေခဲ့ပါတယ်။ဂျက်ကတ်ကို မိုးရွာထဲ အုပ်မိုး၊ကိုင်ထားဖို့ အတော်လေး ပင်ပန်း ခဲ့ပါတယ်။လေးနေတဲ့ ဂျက်ကတ်ကို Park Min Young ဆီကို နောက်ပြောင်ပြီး လွှဲပေးခဲ့ပါတယ်။

soompi
soompi

ပီဇာအတူစားတဲ့ အခန်း၊ Park Min Young က နှုတ်ခမ်းနားမှာ ဆော့စ်ပေ နေပြီး  Park Seo Joon က ဒါကို ဖယ်ပေးရတဲ့ အခန်းမှာတော့ ဒါရိုက်တာ က Park Min Young ကို စနောက်ခဲ့ပါတယ်။အများကြီး ပေသွား ရင်တော့ ပုံပျက်ပန်းပျက်ဖြစ်သွားမှာနော် ဆိုပြီး စခဲ့တာပါ။

soompi
soompi

နမ်းရတဲ့ kiss scene မှာတော့ Park Min Young က “ဖွင့်ပြောနေတာကို အခု ရပ်လိုက်ချင်ပြီ..”လို့ ပြော ခဲ့ပြီး Park Seo Joon က အဲ့ဒီစကားကို ” ရပ်ချင်ပြီဟုတ်လား..ငါ ဘယ်နှစ်ကြိမ်တွေတောင် လုပ်လာခဲ့ရလဲ  သိရဲ့ လား ..? ဆိုပြီး စနောက်ခဲ့ပါတယ်။Park Min Young က ရှက်ရှက်နဲ့ Park Seo Joon ကို နမ်းဖို့ လုပ် ခဲ့ပါတယ်။အဲ့ဒီ နောက် မှာတော့ Park Seo Joon က သူမရဲ့ အနမ်းကိုပြန်ပြီး တုံ့ပြန်ခဲ့တဲ့ အခန်းကို ရိုက်ခဲ့ပါတယ်။အနမ်း ရိုက်ကူး ရေးအပြီးမှာတော့ နှစ်ယောက်လုံး နည်းနည်း နေရ ထိုင်ရ ခက်နေခဲ့ပြီး နောက်ပိုင်း ဖက်တဲ့ အခန်း အပြီးမှာတော့ အရင် အတိုင်း ပြန် ဖြစ် သွားခဲ့ပါတယ်။ Park Seo Joon က” သူငယ်ချင်းကို ဖက်နေရသလို ခံစားရတယ်..”  ဆိုပြီး ပြော ခဲ့ပါတယ်။

Source Soompi