သရုပ်ဆောင် Park Min Young ကတော့ ဆယ်စုနှစ်ကြာတဲ့အထိ လှနေဆဲ ဖြစ်သလို အောင်မြင်နေဆဲ ဖြစ်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ ပီသအောင် သရုပ်ဆောင်မှုတွေကလည်း ပရိသတ်တွေကို အမြဲ စိတ်ကျေနပ်မှု ရစေခဲ့ပါတယ်။

CLEO Singapore နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူမကို လွန်ခဲ့တဲ့ နှစ်တွေမှာ လုပ်ခဲ့တဲ့ အလုပ်တွေမှာ သူမ ဘယ်ဇာတ်ရုပ်ကို အကြိုက်ဆုံးဆိုတာကို မေးခဲ့ပါတယ်။ သူမကတော့ ဒီအတွက် အဖြေနှစ်ခုကို ဖြေကြားပေးခဲ့ပါတယ်။

သူမ အသက် ၂၀ ကျော်ကာလမှာတုန်းက သူမ အကြိုက်ဆုံးကတော့ “ဆောင်ကျန်ကွမ် အရှုပ်တော်ပုံ” ဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့ ဇာတ်ရုပ် ဖြစ်ပါတယ်လို့ ပြောပါတယ်။

 

 

View this post on Instagram

 

A post shared by jual film drama korea (drakor) (@like_drakor.id) on

သူမ အသက် ၃၀ ကျော်ကာလမှာတော့ What’s Wrong with Secretary Kim ဆိုတဲ့ ဇာတ်လမ်းနဲ့ အတူ တွဲမြင်ခံနေရတဲ့သူလည်း ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Whats Wrong With Secretary Kim (@secretary___kim) on Jun 11, 2019 at 3:24am PDT

ဆောင်ကျန်ကွမ်အရှုပ်တော်ပုံမှာ သူမက ကျောင်းသားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာ ဖြစ်ပြီး အဲ့ဒီကာလမှာ သူမကလည်း ကျောင်းတက်နေတဲ့ အရွယ်ပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

 

View this post on Instagram

 

A post shared by Chang wook (@chang_wook3) on

What’s Wrong with Secretary Kim ဇာတ်လမ်းတွဲကတော့ အရွယ်ရောက်ပြီးသား အလုပ်လုပ်နေတဲ့ မိန်းကလေးပုံစံ ဖြစ်လို့ သူမရဲ့ အခုကာလပုံစံနဲ့ ကိုက်ညီနေတယ်လို့ ဆိုပါတယ်။

ဒီလို သူမရဲ့ တစ်ကိုယ်ရည် ဘဝနဲ့ပါ ဆက်စပ်နေတဲ့ ဒီဇာတ်လမ်းနှစ်ခုက ဇာတ်ရုပ်တွေက သူမရဲ့  အကြိုက်ဆုံး ဇာတ်ရုပ်တွေပါလို့ သူမက ဖြေကြားပေးသွားခဲ့ပါတယ်။

What’s Wrong with Secretary Kim

Kham