Song Hye Kyo ကတော့  Park Hyung Sik ဆီကို လက်ဆောင်ပို့ပေးခဲ့ပါတယ်။ ဒရမ်မာ ဇာတ်ကား “Suits” ရိုက်တဲ့ Park Hyung Sik ကို ၀န်းရံတဲ့ အနေနဲ့ ဆောင်းဟေကိုဆီကို ကော်ဖီကားနဲ့ မုန့်တွေ ပို့ပေးခဲ့တာပါ။

မေလ(၂၂)ရက်နေ့မှာတော့ Park Hyung Sik  က ကားရှေ့မှာ ရိုက်ထားတဲ့ ပုံတွေကို တင်ခဲ့ပြီး ..”ဟေကို အစ်မက ကော်ဖီကားနဲ့ မုန့်ကားကို တစ်ချိန်တည်းမှာ ပို့ပေးတယ်.ကျတော်ချစ်…အဲ အစ်မအပေါ် သစ္စာရှိ သွားပါ့မယ်..” ဆိုပြီးရေးထားပါတယ်။ ဒါ့အပြင် hashtags လုပ်ပြီး “မတူညီတဲ့ အတန်း” နဲ့ သူတို့ရဲ့အေဂျင်စီ “UAA.” ဆိုပြီးရေးခဲ့ပါတယ်။

ကားရဲ့ အပေါ်ပိုင်းမှာရှိတဲ့ စာတန်းမှာေ တာ့..”အငယ်ဆုံးလေး Hyung Sik အချောလေးေ ရ..ဒီမှာ..ဟေကို အစ်မ ” ဆိုပြီး ရေးထားပါ တယ်။ Park Hyung Sik နဲ့  Song Hye Kyo တို့ဟာ nited Artists Agency (UAA) အေဂျင်စီတစ်ခုတည်းက အနုပညာမောင်နှမတွေပါ။ Park Hyung Sik က (UAA) အေဂျင်စီနဲ့ ပြီးခဲ့တဲ့ ဧပြီတုန်းက စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဆောင်းဟေကိုက Park Hyung Sik  တစ်ယောက် လက်ရှိအေဂျင်စီ UAA နဲ့ စာချုပ် ချုပ်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

Source soompi