Park Bom ကတော့ 2NE1 အဖွဲ့ကို ကွဲစေခဲ့တဲ့သူဆိုပြီးတော့ ဝေဖန်သူတွေရဲ့ အပြစ်တင်မှုကို ခံရလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ “ဆေးစွဲနေတဲ့သူ၊ 2NE1 ကိုဖျက်ဆီးတဲ့သူ” စတဲ့ မကောင်းတဲ့ကွန်းမန့်တွေနဲ့လည်း ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားလေ့ရှိပါတယ်။

koreaboo

ပရိသတ်တစ်ယောက်ကတော 2NE1 ကို ဖျက်ဆီးခဲ့တာPark Bom ဆိုပြီးတော့  အင်စတာဂရမ်ပေါ်မှာ ကွန်းမန့်ရေးသားခဲ့ပါတယ်။ ဒီလို စွပ်စွဲမှုတွေနဲ့ အသားကျနေတဲ့ Park Bom ကတော့ အဲဒီကွန်းမန့်ကို ကိုယ်တိုင်ကိုယ်ကျဖြေရှင်းလိုက်ပြီဖြစ်ပါတယ်။ Park Bom ကတော့  2NE1အဖွဲ့ကိုကွဲစေခဲ့တဲ့သူက သူမမဟုတ်ပဲအခြားတစ်ယောက်သာဖြစ်တယ်လို့ ပြန်ပြီးတော့ ကွန်းမန့်ရေးသားခဲ့ပါတယ်။

park bom instagram
koreaboo

ပရိသတ်တွေကတော့ 2NE1 ကို ပျက်စေခဲ့တဲ့သူက ဘယ်သူလဲဆိုတာ ပြောပြဖို့အတွက်ပါ Park Bom ကို ပြောလာကြပါတယ်။ ဒါ့အပြင် Park Bom ဘက်ကနေ အမြဲရှိနေတဲ့အကြောင်းကိုလည်း ကွန်းမန့်တွေရေးသားခဲ့ကြပါတယ်။

koreaboo

ဘယ်လောက်ပဲ ဝေဖန်မှုတွေရှိနေပေမဲ့ ပရိသတ်အစစ်အမှန်တွေကတော့ Park Bomရဲ့ ဘေးမှာ ရှိနေဆဲပါပဲ။

Source: Koreaboo