အနုပညာလောကမှာ ရပ်တည်လာတာ ကာလအတော်ကြာနေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေဆဲဖြစ်တဲ့ မင်းသမီးချောလေး ပပဝင်းခင်ကတော့ သူမရဲ့ အေးချမ်းတဲ့အလှကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

အရင်ကလိုပဲ လှပနုပျိုနေဆဲဖြစ်တဲ့ ပပဝင်းခင်ကတော့ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာလည်း အလှဓါတ်ပုံလေးတွေကို တင်ပေးတတ်ပြီး ပရိသတ်တွေအတွက် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း တင်ပေးတတ်သူ တစ်ယောက်ဖြစ်ပါတယ်။

ပပဝင်းခင်က ဒီကနေ့မှာလည်း ဖိုတိုရှုတင်က အလှဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။  အမြဲမြန်မာဆန်ဆန်လေး ဝတ်စားတတ်တဲ့ ပပဝင်းခင်ကတော့ ခေတ်ဆန်ဆန် အဝတ်အစားလေးတွေနဲ့လည်း လိုက်ဖက်ပြီး အရမ်းလှနေပါတယ်။ ပရိသတ်ကြီးအတွက် အေးချမ်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေး ပပဝင်းခင်ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: PaPa Win Khin