နာမည်ကျော် အဆိုတော် ဂရေဟမ်ရဲ့ ချစ်စရာသမီးလေးတစ်ယောက်ဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ ပရိသတ်တွေကြားမှာ သီချင်းဆိုကောင်းလို့သာမက သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေကြောင့် နာမည်ကျော်နေတာဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ပန်းရောင်ခြယ်ကတော့ သူမရဲ့ ဓါတ်ပုံလေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပြီး ပရိသတ်တွေ ရင်ခုန်အောင် လုပ်လိုက်ပြန်ပါသေးတယ်။ ဆံပင်စတိုင် အသစ်အဆန်းလေးနဲ့ တစ်မျိုးဆန်းနေတဲ့ ပန်းရောင်ခြယ်ကတော့ အရမ်းကို ချစ်စရာကောင်းနေပါတယ်။

ပန်းရောင်ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ပန်းရောင်ခြယ်ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Pan Yaung Chel