ပိုင်ဇေရဲထွန်းနဲ့ ဇင်သည်းနိုင်တို့ ဇနီးမောင်နှံစုံတွဲလေးကတော့ ပရိသတ်တွေရဲ့ အားကျရတဲ့ စုံတွဲလေးလည်း  ဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းလည်း ကြာမြင့်နေပြီဖြစ်တဲ့ သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက်အချစ်တွေလျော့မသွားပဲ အရမ်းကို ချစ်ကြတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

မေလ(၂၉)ရက်နေ့မှာလည်း ဇင်သဲနိုင်ကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ ပိုင်ဇေရဲထွန်းရဲ့ အသက်(၄၁)နှစ်ပြည့် မွေးနေ့အတွက် surprise ပါတီလေး ကျင်းပခဲ့ပါသေးတယ်။ ဇင်သဲနိုင်ကတော့ “အောင်မြင်စွာ surpriseလုပ်ဖို့အတွက်ပူးပေါင်းပါဝင်ကြတဲ့အမေတွေ ဦးလေးတွေ ကိုပိုင့်သူငယ်ချင်းတွေ ချစ်ရသူရဲဖော်ရဲဖက်တွေကိုကျေးဇူးအများကြီးတင်ပါတယ်” လို့ရေးပြီး မွေးနေ့ပါတီက ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ပိုင်ဇေရထွန်းနဲ့ ဇင်သဲနိုင်ရဲ့ မွေးနေ့ပါတီက ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်တွေလည်း ပိုင်ဇေရဲထွန်းအတွက် မွေးနေ့ဆုတောင်းပေးလိုက်ပါဦးနော်။

Source: Zin Thae Naing