နာမည်ကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်နဲ့ အိန်ဂျယ်လမုန်တို့ကတော့ အရမ်းကို ခင်မင်ကြတဲ့ အနုပညာရှင်မောင်နှမ နှစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေကို အတိုင်အဖောက်ညီညီ စနောက်တတ်တဲ့ သူနှစ်ယောက်လည်း ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝရရှိထားသူနှစ်ဦးဖြစ်ပါတယ်။

ဒီကနေ့မှာလည်း အိန်ဂျယ်လမုန်ကတော့ သူမရဲ့ မောင်နှမလို ခင်မင်ရတဲ့ ပိုင်တံခွန်ဆီကနေ မွေးနေ့လက်ဆောင်ရခဲ့တဲ့အကြောင်းလေးကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။ အိန်ဂျယ်လမုန်ကတော့ “Thank you so much Ko Paing Takhon🤓 for Birthday Present ” လို့ရေးထားပြီး မွေးနေ့လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ပြောထားတာဖြစ်ပါတယ်။

ပိုင်တံခွန်ကလည်း အိန်ဂျယ်ရဲ့ ပုံတူဆွဲထားတဲ့ ပန်းချီလေးနဲ့ အိန်ဂျယ်ကို မွေးနေ့ဆုတောင်းပေးထားပါသေးတယ်။

အိန်ဂျယ်လမုန်နဲ့ ပိုင်တံခွန်တို့ကတော့ “သမန်းကျား ဝိဥာဉ်” ဆိုတဲ့ ဇာတ်ကားကိုလည်း အတူ ပါဝင်တွဲဖက် ရိုက်ကူးထားပါသေးတယ်။သူတို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

Source: Angel Lamung, Paing Takhon