နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ်၊မင်းသားတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တခဲနက်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ဓါတ်ပုံအမိုက်စားတွေတင်ပြီး ပရိသတ်တွေကို ဖမ်စားတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ ဒီကနေ့မှာ ပရိသတ်တွေအတွက် ပဟေဠိဖြစ်စေမယ့် ဓါတ်ပုံလေးတစ်ပုံကို သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်လိုက်ပါတယ်။ ပိုင်တံခွန်ကတော့ “​ကောင်​မ​လေး တ​ယောက်​​ရိုက်​​ပေးထားတာ ..ဘယ်​သူလည်း​တော့မမှတ်မိ​ဘူး အရပ်​​တော့ ရင်​ခွင်​မှီ​လေးနဲ့ဆံပင်​ရှည်​​လေးနဲ့ ချစ်​စရာဗျာ.”လို့ရေးပြီး သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ပိုင်တံခွန်ကို ဓါတ်ပုံရိုက်ပေးခဲ့တဲ့ ကောင်မလေးက ဘယ်သူလဲဆိုတာ အရမ်းကို သိချင်နေကြပါတယ်။

Source: Paing Takhon