Caption အလန်းလေးတွေနဲ့ Fan တွေကို ချုပ်တတ်လွန်းတဲ့ အမျိုးသားအနုပညာရှင်ဆယ်လီ တွေ ထဲမှာတော့ ပိုင် တံခွန်ကလည်း တစ်ယောက် အပါအ၀င်ပါ။ ကိုရီးယားမင်းသားတွေတောင် ထိုင်ငို သွားရလောက်တဲ့ ရုပ်ရည်နဲ့ အရပ် အမောင်းကို ပိုင်ဆိုင်ထားသူမို့ သူ့ကို အားပေးတဲ့ မိန်းကေ လး ပရိသတ်တွေ ကတော့ အများကြီးပါ။ မိန်းကလေး Fan တွေ အများကြီးရှိတဲ့ ပိုင်တံ ခွန် ကေ တာ့ Fan Service လည်း အရမ်းကောင်းတဲ့ မင်းသားတစ်ယောက် အဖြစ် ပရိ သ တ် အသိအမှတ်ပြု ခံထားရသူပါ။

Image -Paing Takhon’s fb (photo by Htet Paing Ye)
Image -Paing Takhon’s fb (photo by Htet Paing Ye)
Image -Paing Takhon’s fb (photo by Htet Paing Ye)

ပိုင်တံခွန်ကတော့ ပြီးခဲ့တဲ့ ရက်က သူ့ရဲ့ တောင်ကြီး ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Canal+  ရဲ့ Fan Meeting ပွဲ အစီအစဉ်နဲ့  တွေ့ဆုံဖြစ်ခဲ့တာပါ။ မန္တလေးပရိသတ်တွေနဲ့ တွေ့ ပြီးတော့ တောင်ကြီးကို ခရီးဆက်ကာ တောင်ကြီး ပရိသတ်တွေနဲ့ တွေ့ဆုံ ဖြစ်ခဲ့တာပါ။ ဒီခရီးစဉ်ေ လးမှာေ တာ့ ပိုင်တံခွန်နဲ့ အတူ သင်ဇာဝင့်ကျော်လည်း အတူ လိုက်ပါ ခဲ့ပါတယ်။

Image -Paing Takhon’s fb (photo by Htet Paing Ye)
Image -Paing Takhon’s fb (photo by Htet Paing Ye)
Image -Paing Takhon’s fb (photo by Htet Paing Ye)

“တောင်ကြီးရောက်တော့ တောင်ပေါ်သားဖြစ်ချင်တာမျိုး 😁

TG Fans meeting for Canal+ 🖤
📸 Htet Paing……………” ဆိုပြီး တောင်ကြီးပရိသတ်တွေနဲ့ တွေ့ ဆုံ ဖြစ်တဲ့ အကြောင်းကို သူ့ရဲ့ အကောင့်မှာ တင်ထားပါတယ်။ သင်ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်ရဲ့  “သူဘယ် သူလဲ..” ဆိုတဲ့ ဇာတ်ကားကို မကြာခင်မှာ ပြသတော့မှာ ပါ။ ဒီဇာတ် ကား ကိုတော့ Sky Net မှာ ပြသသွားမှာပါ။ သင်ဇာဝင့်ကျော် နဲ့ ပိုင်တံခွန် အပါအ၀င် ချမ်းမင်းရဲထွဋ် ၊နေ လင်းရှိန် တို့ ပါဝင်ထားပါတယ်။ ဒါရိုက်တာ ကတော့  မေဘ ရဏီ ပါ။ Myanmar Media 7 ကနေ ထုတ် တာပါ။ ဇာတ်ကားရဲ့ Poster နဲ့ တင်ပဲ ပရိသတ်စိတ်ဝင်စားမှုကို ရထားတဲ့ ဇာတ်ကားလေးပါ။

Image -Paing Takhon’s fb (photo by Htet Paing Ye)
Image -Paing Takhon’s fb (photo by Htet Paing Ye)
Image -Paing Takhon’s fb (photo by Htet Paing Ye)

Source ပိုင်တံခွန်ရဲ့ fb (Photo -Htet Paing Ye- HPY Photography)