ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်အများဆုံး နာမည် ကြီး မော်ဒယ်၊ မင်းသားတစ်ယောက် အဖြစ် ရပ်တည်နေ သူပါ။ချောမောတဲ့ ရုပ်ရည်နဲ့ အပြောချိုချိုလေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေ အမြဲ ၀ိုင်း နေတာပါ။ ပရိသ တ်တွေက ပိုင်တံခွန်ကို ချစ်စနိုးနဲ့ “ဦးပိုင်” ဆိုပြီး ခေါ်ကြပါတယ်။မြန်မာမိန်းကလေးပရိသတ်တွေရဲ့ ဦးပိုင် ကတော့ အခုဆိုရင် ထိုင်းမိန်းကလေးပရိသတ်တွေကြားမှာ ပါ အရမ်းကို ရေပန်းစားနေပါပြီ။

Image:fb/Paing Takhon
Image:fb/Paing Takhon
Image:fb/Paing Takhon

ထိုင်းမိန်းကလေးပရိသတ်တွရဲ့ သဲသဲလှုပ်ဝန်းရံအားပေးခံရတဲ့ ပထမဆုံး မြန်မာအမျိုးသားမော်ဒယ်လို့ တောင် ပြော လို့ရပါတယ်။အခုဆိုရင်တော့ ပိုင်တံခွန်ရဲ့ အကောင့်ကို ထိုင်းမလေးတွေ အများကြီးလာရောက် ၀န်းရံ ပေး ထား ကြတာကိုလည်း တွေ့ရပါတယ်။ပိုင်တံခွန်ကတော့ သူ့ကို ချစ်တဲ့ ထိုင်းပရိသတ်တွေ အတွက် အကောင့်မှာ ဗီဒိယိုဖိုင် တစ်ခု တောင် တင်ထားပါတယ်။အဲ့ဒီမှာတော့ ထိုင်းပရိသတ်တွေကို ကျေးဇူးတင်တဲ့ အကြောင်းနဲ့ ထိုင်းစကားကိုပါ တက်သလောက် မှတ်သလောက်လေး ပြောထားပါသေးတယ်။

ขอบคุณแฟนๆจากเมืองไทยทุกๆคนนะครับ🙏🏽

Posted by Paing Takhon on Saturday, July 6, 2019

ထိုင်းက Fan တွေ တဟုန်ထိုးများပြားလာတဲ့ ပိုင်တံခွန်ရဲ့ အကောင့်မှာတော့ ဇူလိုင် (၈)ရက်နေ့ အထိ Followers ( 1,149,730 ) အထိ ရှိလာတာကို တွေ့ရပါတယ်။ပိုင်တံခွန်ရဲ့ Post တွေ အောက်မှာလည်း ထိုင်းက Fan တွေ Comment ၀င်ရေးထားကြတာကို တွေ့ရမှာပါ။

Image:fb/Paing Takhon
Image:fb/Paing Takhon
Image:fb/Paing Takhon

အနုပညာလှုပ်ရှားမှုအနေနဲ့ ဆိုရင် ပိုင်တံခွန်ကတော့ ပွဲတက်တွေ အများဆုံးလက်ခံဖြစ်နေတာကိုတွေ့ရပါတယ်။သ င်ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်ရဲ့  “သူဘယ် သူလဲ..” ဆိုတဲ့ ဇာတ်ကားကို မကြာခင်မှာ ပြသတော့မှာ ပါ။ ဒီဇာတ် ကား ကိုတော့ Sky Net မှာ ပြသသွားမှာပါ။သင်ဇာဝင့်ကျော် နဲ့ ပိုင်တံခွန် အပါအ၀င် ချမ်းမင်းရဲထွဋ် ၊နေလင်းရှိန် တို့ ပါဝင်ထားပါတယ်။ဒါရိုက်တာ ကတော့  မေဘ ရဏီ ပါ။Myan mar Media 7 ကနေ ထုတ် တာပါ။ဇာတ်ကားရဲ့ Poster နဲ့ တင်ပဲ ပရိသတ်စိတ်ဝင်စားမှုကို ရထားတဲ့ ဇာတ်ကားလေးပါ။

Image:fb/Paing Takhon
Image:fb/Paing Takhon

 

Source ပိုင်တံခွန်