ပိုင်တံခွန်ကတော့ မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ မော်ဒယ်၊ မင်းသားတစ်ယောက် ဖြစ်ပါတယ်။ သူကတော့ ပရိသတ်တွေကို သူ့ရဲ့ဓါတ်ပုံ အမိုက်စားတွေနဲ့ ဖမ်းစားနေတဲ့ မှော်မင်းသားလေးတစ်ဦးဖြစ်ပြီး၊ နှုတ်ခမ်းနီမလေးတို့ အသည်းစွဲလည်း ဖြစ်ပါတယ်။

လတ်တလောမှာ ပိုင်တံခွန်ဟာ ပုသိမ်အနီးက ချောင်းသာကမ်းခြေမှာ ရောက်ရှိနေပါတယ်။ ပိုင်တံခွန်ကတော့ ချောင်းသာကမ်းခြေမှာ သူရဲ့ ဓါတ်ပုံအမိုက်စားတွေကို ဖေ့စ်ဘုတ်ပေါ်မှာတင်ပြီး အရမ်းကို ပျော်ရွှင်နေတဲ့ပုံပါ။

အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်ကတော့ “သဲသဲမဲမဲ အချစ်ခံချင်လို့ မဲမဲသဲသဲ နေမိပြီ”လို့ရေးပြီး သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ခဲ့ပါတယ်။ ဒီအချက်ကို ထောက်ဆခြင်းဖြင့် ပိုင်တံခွန်တစ်ယောက် တစ်စုံတစ်ယောက်ကို သဲသဲမဲမဲ ချစ်နေပြီဆိုတာ သေချာနေသလို၊ သူကိုယ်တိုင်ကလည်း သဲသဲမဲမဲ ပြန်အချစ်ခံလိုနေတဲ့ သဘောပါ။

Source: Paing Takhon facebook