အနုပညာလောကမှာ အောင်မြင်မှုတွေ အသီးသီးရရှိထားတဲ့ အနုပညာမောင်နှမတွေဖြစ်ကြတဲ့ ပိုင်တံခွန်နဲ့ အေးသောင်းကတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်နှစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က လတ်တလောမှာ Sunkist ရဲ့ ပရိုမိုးရှင်းပွဲကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။

 

ပိုင်တံခွန်နဲ့ အေးသောင်းတို့ကို အားပေးတဲ့ ပရိသတ်တွေကတော့ စံရိပ်ငြိမ်ဂမုန်းပွင့်မှာပြုလုပ်တဲ့ Sunkist ရဲ့ ပရိုမိုးရှင်းပွဲကို စည်စည်ကားကားလာရောက်အားပေးခဲ့ကြပါတယ်။ ပိုင်တံခွန်နဲ့ အေးသောင်းတို့ကတော့ ပွဲကို လာရောက်ခဲ့ကြတဲ့ ပရိသတ်တွေနဲ့လည်း ပျော်ပျော်ပါးပါး ဓါတ်ပုံတွေ ရိုက်ခဲ့ကြပါသေးတယ်။

ပရိသတ်တွေအတွက် ပိုင်တံခွန်နဲ့ အေးသောင်းတို့ တက်ရောက်ခဲ့တဲ့ Sunkist ရဲ့ ပရိုမိုးရှင်းပွဲက ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်လက်အားပေးလိုက်ကြပါဦးနော်။

Source: Aye Thaung