လတ်လလောမှာ ရုပ်ရှင်ဇာတ်ကားတွေ မနားတမ်းရိုက်နေရတဲ့ ပိုင်ဖြိုးသုကတော့ ကျလာတဲ့ ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူအဖြစ် ပရိသတ်တွေကြားထဲမှာ နာမည်ကြီးနေတဲ့ အနုပညာရှင် တစ်ယောက်ပါ။

အခုရိုက်ကူးလျက်ရှိတဲ့ “ဗိုလ်နေတိုး”ဇာတ်ကားထဲမှာလည်း ဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျဖြစ်စေဖို့အတွက် သူမရဲ့ ဆံပင်တွေကိုတောင် ညှပ်လိုက်ပါတယ်။

ဓါတ်ပုံတွေအရတော့ ဒီဇာတ်ကားထဲမှာတော့ ပိုင်ဖြိုးသူဟာ ကြမ်းကြမ်းတမ်းတမ်း ဖိုက်တာဆန်ဆန်ဇာတ်ရုပ်ကို သရုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။

မကြာသေးခင်ကပဲ “မီ”ဇာတ်ကားကြီးကို နာမည်ကျော် ဝါရင်သရုပ်ေ်ဆာင်တွေနဲ့ ရိုက်ကူပြီးစီးသွားခဲ့ပြီဖြစ်တဲ့ ပိုင်ြ့ဖိုးသုကတော့ ဒီတစ်ခေါက် ဗိုလ်နေတိုး ဇာတ်ကားထဲမှာလည်း ဘယ်လိုမျိုး ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားမယ်ဆိုတာကိုတော့ ပရိသတ်တွေ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

Source: Paing Pyo thu