ပရိသတ်တွေချစ်ကြတဲ့ အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၁၀ရက်နေ့အထိ အနုပညာအလုပ်တွေကို ခေတ္တနားထားမှာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ကြေညာထားပါတယ်။ ပိုင်ဖြိုးသုဟာ မေလ ၄ ရက်နေ့က Grandhantha ဆေးရုံကြီးမှာ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ခဲ့တဲ့နောက် မမျှော်လင့်ပဲ သားအိမ်မှာ အရည်အိတ်တည်နေခဲ့တာကို သိခဲ့ရပြီး ခွဲစိတ်ရမယ့် အခြေအနေ ဖြစ်နေတာကြောင့် သူမ အဒေါ်ရှိတဲ့ UK က ဆေးရုံကို သွားရောက်ကာ ခွဲစိတ်မှုခံယူမှာ ဖြစ်တယ်လို့ သူမက ပရိသတ်တွေကို အသိပေးလိုက်တာဖြစ်ပါတယ်။

ပိုင်ဖြိုးသုက ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေကို ဖျက်လိုက်ရလို့ တောင်းပန်ပါတယ်လို့လည်း သူမရဲ့ ဖေ့စ်ဘုတ်ပေ့ဂ်ျမှာ ပြောထားပါသေးတယ်။

နိုင်ငံရပ်ခြားကို သွားရောက်ပြီး ခွဲစိတ်မှုခံယူရမယ့် ပိုင်ဖြိုးသုအတွက် ပရိသတ်တွေ ဆုတောင်းပေးလိုက်ကြပါဦီးနော်။

Source: Paing Phyo Thu