ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာတဲ့ ဟဲဗီးဖြိုးနဲ့ ကောင်မလေးပရိသတ်တွေရဲ့ အသဲစွဲ မော်ဒယ်/မင်းသားလေးတစ်ယောက်ဖြစ်တဲ့ ပိုင်အုပ်စိုးအောင်တို့ကတော့ သူတို့ရဲ့ ပရိသတ်တွေအတွက် ဇာတ်လမ်းတွဲတစ်ခုထဲမှာ အတူတူ ပါဝင်သရုပ်ဆောင်လို့နေပါတယ်။

သူတို့နှစ်ဦးကတော့ ဧပြီလ (၈)ရက်နေ့ကတည်းက ဇာတ်လမ်းတွဲမှာ အတူပါဝင်ပြီး သရုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ပိုင်အုပ်စိုးအောင်က သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ”ကျတော် ငယ်ငယ်ထဲ က TV မှာပဲ ကြည့်ရတဲ့ ကျတော် Senior ကြီး နဲ့ တစ်ကားထဲမှာ တူတူ သရုပ်ဆောင်ရတာ…၀မ်းသာတယ်ဗျာ.”လို့ရေးသားပြီး ဟဲဗီဖြိုးနဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံကို တင်ထားတာဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ MRTV-4 ကနေရိုက်ကူးတဲ့ “နှလုံသားနဲ့ အနီးဆုံး”ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ဦးဘယ်လို အပေးအယူမျှမျှနဲ့ သရုပ်ဆောင်ကြမယ်ဆိုတာကို ကြည်ရှုဖို့အတွက်စောင့်မျှော်နေကြပါပြီ။

Source:Seree, Paing Oaksoe Khant