ထိုင်းနိုင်ငံမှာတော့ အနုပညာရှင် အများစုက Channel တွေနဲ့ စာချုပ် ချုပ် ပြီး လက်တွဲ အလုပ်လုပ် ကြတာ များပါ တယ်။အဲ့လို အ လုပ်လုပ်တဲ့ အခါ မှာ ကောင်းကျိုးရှိသလို တစ်ဖက်မှာလည်း ဆိုးကျိုး တော့ ရှိပါတယ်။ အနုပညာရှင် အများ စုက တော့ ဒီလောကထဲ စ၀င်စ၊နာမည်ကြီးစ ဆိုရင် Free Agent အ နေနဲ့ မဟုတ်ပဲ Channel တစ်ခုခု နဲ့ စာချုပ် ချုပ် ကြပါတယ်။များသော အားဖြင့် က တော့ နာမည်ကြီး Channel တွေ ဖြစ်တဲ့ Thai TV3 နဲ့ Channel 7 တို့ပါ။သူတို့ စာချုပ် သက် တမ်း ကုန်ခဲ့ရင် တော့ တစ်ချို့က စာချုပ် ဆက်ချုပ် ဖြစ်တယ်၊တစ်ချို့က တော့ လက် တွဲ ဖြုတ် ကြပါတယ်။ စာချုပ်မချုပ်ပဲ Free Agent အဖြစ် နဲ့ ရပ်တည်ဖို့ တစ်ချို့ အနုပညာရှင်တွေ က ဘြာေ ကာင့် ရွေးချယ်ရလဲ ဆိုတာကို Thai Update မှာ အခုလို ဖော်ပြ ထားပါတယ်။
ပရိသတ်တစ်ချို့က သူတို့ သ ဘောကျ တဲ့ အနုပညာရှင်တွေ ကို ဇာတ်ကားအတူတူ တွဲရိုက်တာကို မြင်ချင် ကြပါတယ်။ ဒါပေမယ့် အဲ့ဒီလူ နှစ်ယောက်က လက်တွဲ အလုပ်လုပ်နေတဲ့ Channel ခြင်း မတူ ခဲ့ရင်၊သူတို့နဲ့ စာချုပ် ချုပ် ထားတဲ့ Channel မဟုတ်ရင် ဇာတ်ကား ရိုက် ပေးလို့ မရ ပါဘူး။ဒီအချက် ကြောင့် ပဲ Channel ပေါင်းစုံနဲ့ လက်တွဲ အလုပ်လုပ် ချင်လို့ တစ်ချို့ အနုပညာရှင် တွေ က Free Agent ဘ၀ကို ရွေးကြတာပါ။
ဒီလို ရွေးမှ လည်း ONE 31, Channel 8, PPTV, Amarin TV, TRUE4U, GMM 25 တို့ က လက် တွဲ အလုပ်လုပ် လို့ အဆင် ပြေ မှာပါ။သူတို့ အတွက် စိန်ခေါ်မှု သစ် တွေကို လွတ်လွတ်လပ်လပ် လက်ခံ ရိုက်ကူး ခွင့် ကို ရဖို့က Free Agent အဖြစ် ရပ်တည်မှပဲ ရနိုင်မှာပါ။တခြား ထုတ်လုပ်ရေး အသစ်တွေ ၊တခြား အရည်အချင်းရှိတဲ့ သရုပ်ဆောင် တွေ နဲ့ လက်တွဲ အလုပ်လုပ် လို့ ရသလို ရလာတဲ့ အနုပညာကြေးကိုလည်း အပြည့်အ၀ ကိုယ်ပဲ ရနိုင်တဲ့ အခွင့်အ ရေးကို လည်း ရမှာပါ။
ဒါပေမယ့် လည်း Free Agent လုပ်တာက တစ်ဖ က်မှာလည်း ဆိုးကျိုး တော့ ရှိပါတယ်။ကိုယ်က လုံးဝ နာမည်ကြီး တစ်ယောက် ဖြစ်ပြီး Channel ရဲ့ ပံ့ပိုး မှု မရှိလဲ ကိုယ့်ဟာ ကိုယ်ရပ်တည်နိုင်မှ ဒီလမ်းကို ရွေးတာ ကောင်းပါ တယ်။အဲ့လို မှ မဟုတ်ရင်တော့ ဇာတ်ကားအရိုက်ကြဲ သွားတာ မျိုး တွေ ဖြစ်လာနိုင်ပါတယ်။Channel နဲ့ လက်တွဲရင် တော့ သူတို့ စီစဉ်ပေးတဲ့ ဇာတ်ကား က တော့ သေချာ ပေါက် ရိုက် နေရ မှာ ဆို ပေမယ့် Free Agent အ နေနဲ့ ဆိုရင်တော့ ကိုယ့်ပိုင်အရည်အချင်းကို ရာနှုန်း ပြည့် အသုံးချ မှ ရမှာပါ။Free Agent အဖြစ် နဲ့ ရပ်တည် လိုက်ရင်လည်း သေချာပေါက် အောင်မြင် မှာ ဆိုပေမယ့် သူတို့ ရွေးချယ်မှု နဲ့ သူတို့ Channel တွေနဲ့ပဲ ဆက်လက်တွဲ သွားဖြစ်နေတဲ့ သူတွေ လည်းရှိပါတယ်။
free agent အဖြစ် ရပ်တည်နေတဲ့ မင်းသမီးတွေ ထဲမှာဆိုရင် Mai Davika, Pooklook Fonthip, Baifern Pimchanok, Nune Woranuch, New Wongsakorn, Ohm Atshar, Ploy Chermarn…. တို့ ပါ။ Mai Davika နဲ့ Baifern Pimchanok တို့က တော့ Free Agent ဘ၀ကို ရွေးချယ်လိုက်ပြီး နောက်မှာ အရမ်းအောင်မြင်လာခဲ့တာပါ။Mai Davika က တော့ Thai Channel 7 နဲ့ (၂၀၁၅)မှာ လမ်းခွဲခဲ့တာပါ။ Baifern Pimchanok က တော့ Channel 7 နဲ့ (၂၀၁၆)မှာ လမ်းခွဲ ခဲ့တာပါ။
View this post on Instagram
🍭🍭 @laboutique_official @tow_la_boutique #ใช่ค่ะเราถ่ายด้วย#fujifilmxa7#กล้องดีถ่ายที่ครัวก็ได้ 😜
#CELENOW