Bella Poarch က တော့ နာမည်ကြီး TikTok Star တစ်ယောက်ပါ။အသက်ငယ်ငယ်လေးနဲ့ ဆိုရှယ်မီဒီယာ ပေါ်မှာ အားပေးတဲ့ ပရိသတ် အခိုင် အမာ ရထားသူလေးပါ။ဆိုရှယ်မီဒီယာ ပေါ်မှာ သူမတင် တဲ့ မွေးနေ့ Post အရ ဆိုရင်တော့ ၂၀၀၁ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ မွေး ဖွား ခဲ့တာ ဖြစ်ပြီး အသက်က အခုမှ ၁၉ နှစ်ပဲ ရှိပါ သေးတယ်။ဖိလစ်ပိုင်မှာ မွေး အမေရိကန်မှာ နေထိုင် နေ သူပါ။ Bella Poarch မှာ တော့ တက်တူး တွေ အများကြီး ရှိပါတယ်။ပရိသတ်တွေ သိချင်နေတဲ့ သူမမှာ ဘာကြောင့် တက်တူးတွေ အများကြီး ရှိ နေလဲ ဆိုတာကို တော့ Bella က ပြန်ဖြေတဲ့ အကြောင်းကို popbuzz မှာ ဖော်ပြထားပါတယ်။
View this post on Instagram
တက်တူးတွေ အများကြီး ရှိတဲ့ သူမဟာ စက်တင်ဘာ တုန်းက ဂျပန်တွေ အရင်က သုံးခဲ့တဲ့ အလံပုံ တက်တူး ကို ထိုးခဲ့ပါတယ်။တစ်ချိန် တုန်းက ဂျပန်ရဲ့ နယ်ချဲ့ မှုကို ခံခဲ့ရတဲ့ တောင် ကိုရီးယား ပြည်သူတွေ အတွက် ဒေါပွစရာ ဖြစ်ခဲ့တာကြောင့် တက်တူး အတွက် Bella Poarch က ပြန် တောင်းပန်ခဲ့ရ ပါတယ်။ဒီအလံရဲ့ သမိုင်း ကြောင်းကို မသိလို့ ထိုးမိတာပါလို့ ပြောပြီး တက်တူး ကို ပြန် ဖျက်၊ဖုံး လိုက်တယ်လို့ ပြောခဲ့ပါတယ်။နိုဝင်ဘာ ၁၁ မှာတော့ Fan တစ်ယောက်က မေးလာတဲ့ တက်တူးတွေ ဘာလို့ အများကြီး ထိုး တာ လဲ ၊မလိုက်ဘူး လို့ ပြောလာတဲ့ အပေါ် tik tok ဗီဒီယိုဖိုင် နဲ့ တကွ ပြန်ဖြေခဲ့ပါတယ်။
View this post on Instagram
“ကလေးဘ၀ က ကြမ်းတမ်းခဲ့တယ်၊အနိုင်ကျင့်ခံရပြီး ရလာတဲ့ အမာရွတ်တွေက စိတ်မလုံခြုံမှု ကို ဖြစ် စေတယ်၊ဒါကြောင့် အမာရွတ် တွေကို တက်တူး နဲ့ ဖုံးလိုက်တာ..” ဆိုပြီး တက်တူးအများကြီး ထိုးရတဲ့အ ကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။Commnent မှာ လည်း Bella က ဒီ Post ကို တင်ရတာ သူ့ အတွက် မလွယ်ကူကြောင်း ပြောခဲ့ပါတယ်။ အခုချိန်မှာ ရှင်တို့ အတွက် အခက်အခဲ ကြုံ နေခဲ့ရင် ဒီလို ကြုံ ရတာ ရှင်တို့ တစ်ယောက် တည်း မဟုတ်ဘူး၊ကျော်ဖြတ်နိုင်တယ်. ဆိုပြီး တော့လည်း Bella က ပြောခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
ဆိုရှယ်မီဒီယာ ပေါ်မှာ တင်တဲ့ Post အရ တော့ အသက်က ၁၉ နှစ်ဆိုပေမယ့်လည်း ၂၀၁၇ တုန်းက အမေရိကန် ရေတပ်ကို ၀င် ခဲ့ဖူးတာ ကြောင့် ဒါဟာ အသက်အမှန် ဟုတ် မဟုတ် သံသယ၀င်နေတဲ့ ပရိသတ်တွေ လည်း ရှိပါတယ်။Bella Poarch ကိုတော့ ဖိလစ်ပိုင်မှာ မွေးပေမယ့် သူမအသက် ၁၃ နှစ်မှာ မိသားစု နဲ့ အတူ အမေရိကန်ကို ပြောင်းလာခဲ့တာပါ။သူမရဲ့ အချစ်ရေးက တော့ အားလုံးသိထားတဲ့ အတိုင်း Tyga နဲ့ သတင်း ထွက်ဖူးပါတယ်။ TikTok ဗီဒီယိုတွေ တောင် အတူ တွဲ ဆော့ခဲ့ဖူး ကြပါတယ်။
@bellapoarchReply to @omgtheykilldkenny I had a rough childhood. My scars from abuse made me insecure. And so I had to cover up my scars with tattoos.♬ This Is Home – Cavetown
#CELENOW