Weir Sukollawat နဲ့  Bella Ranee  တို့ဟာ ထိုင်းနိုင်ငံရဲ့ ဆယ်လီစုံတွဲတစ်တွဲပါ။ သူတို့တွေတွဲလာတဲ့ (၅)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီကပြုလုပ်တဲ့ ပွဲတစ်ပွဲကို အတူတွဲတက်ရောက်ခဲ့ပါသေးတယ်။ Central Plaza Mahachai မှာ ကျင်းပတဲ့ ဒီပွဲကိုတော့ သူတို့(၂)ယောက်ကို ချစ်တဲ့ပရိသတ်တွေလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။

  

ဒီဇင်ဘာ (၁)ရက်နေ့မှာတော့ Weir က Bella နဲ့ အတူ မဂ္ဂဇင်းတစ်ခုအတွက် အတူတွဲရိုက်ထားတဲ့ ဓါတ်ပုံကို caption မှာ “GN @bellacampen” လို့ ရေးပြီးရှယ်ခဲ့ပါတယ်။ Bella Ranee ကလည်း ဂျပန်ကို သွားတုန်းက သူမရဲ့ ဓါတ်ပုံကို Weir ကို TAG လုပ်ပြီး တင်ခဲ့တာကို လည်းတွေ့ရပါတယ်။


အရင်တုန်းကဆိုရင် စုံတွဲပုံမတင်ကြ၊ အနေအထိုင်တွေ သိုသိပ်ကြလွန်းလို့ သူတို့တွဲနေတယ်ဆိုတာ တကယ်လား၊ ကောလာဟလလားဆိုပြီး ဒွိဟတွေ ဖြစ်ခဲ့ဖူးပါတယ်။ ပရိသတ်တွေက သူတို့စုံတွဲကို လိုလိုလားလား လက်ခံပေးလာတာကို တွေ့ရပြီးနောက်မှာတော့ နှစ်ယောက်သား အရင်တုန်းကထက် ပိုပြီး သိသိသာသာပေါ်ပေါ်ထင်ထင်တွဲလာကြတာကို တွေ့ရပါတယ်။

Weir က အင်တာဗျူး တစ်ခုမှာ သူ့အသက် (၃၃)လောက်ကျရင် လက်ထပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဖြေခဲ့ဖူးပါတယ်။ အခု သူ့အသက်က (၃၂)ဆိုတော့ မကြာခင်မှာ သူတို့နှစ်ယောက် လက်ထပ်ကြတော့မလားလို့ ပရိသတ်တွေ စိတ်ဝင်တစားသိချင်နေကြပါတယ်။

FROM THAI NEWS

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။