Weir Sukollawat နဲ့ Bella Ranee တို့ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဆယ်လီစုံတွေထဲက တစ်တွဲပါ။ ချစ်သူဖြစ်တာကြာပြီဆိုပေမယ့် သူတို့ကြားက relationship ကို public ကိုချပြလိုက်တာကတော့ သိပ်မကြာသေးပါဘူး။ အရင်တုန်းကတော့ ဖုံးဖုံးဖိဖိ တွဲလာတဲ့ သူတို့စုံတွဲဟာ အခု နောက်ပိုင်းမှာတော့ လူသိရှင်ကြားတွဲပြ ချစ်ပြလာတာကို တွေ့ရပါတယ်။

Central Plaza Mahachai မှာ ကျင်းပတဲ့ ပွဲကိုဆိုရင်လည်း နှစ်ယောက်သား စုံတွဲ တက်ရောက်ခဲ့ပါတယ်။ ဒါဟာသူတို့နှစ်ယောက် စုံတွဲတက်တဲ့ ပထမဆုံးပွဲလေးပါ။ ဒီဇင်ဘာ(၁)ရက်တုန်းက ဆိုရင်  Weir က Bella နဲ့အတူ မဂ္ဂဇင်းတစ်ခုအတွက် အတူတွဲရိုက်ထားတဲ့ ဓါတ်ပုံကို caption မှာ “GN @bellacampen” လို့ ရေးပြီးရှယ်ခဲ့ပါတယ်။ Bella Ranee ကလည်း ဂျပန်ကိုသွားတုန်းက သူမရဲ့ ဓါတ်ပုံကို Weir ကို TAG လုပ်ပြီး တင်ခဲ့တာကို လည်းတွေ့ရပါတယ်။

Instagram မှာ အဲ့ဒီလို သူတို့စုံတွဲ မထိတထိလေးတွေ တွဲပြ ချစ်ပြလာရာကနေ အခုနောက်ပိုင်းမှာတော့ ပေါ်တင် ချစ်ပြတွဲပြလာတာကို တွေ့ရပါတယ်။ Weir တစ်ယောက် မကြာသေးခင်ကစလို့ မကြာခဏဆိုသလို ချစ်သူ Bella Ranee ရဲ့ပုံတွေကို တင်လာပါတယ်။ ဒီဇင်ဘာ (၁၈)တုန်းက ဆိုရင် Bella ရဲ့ ပုံတစ်ပုံကို သူ့ရဲ့ IG မှာ တင်လိုက်ပါတယ်။

caption မှာတော့  “Today, try using her camera for the first time. It’s so good! @bellacampen”(ဒီနေ့ သူ့ကင်မရာကို ပထမဆုံးစမ်းကြည့်တာ။အရမ်းကောင်းတယ်) ဆိုပြီး တင်ထားတာပါ။ Weir နဲ့ Bella တို့ဟာ တခြားချစ်သူစုံတွဲတွေလို စကားချိုချိုလေးတွေနဲ့ ချစ်ပြတာမျိုးတော့ မတွေ့ပေမယ့် အရမ်းကို ရိုကြတဲ့ စုံတွဲအဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရပါတယ်။

from dara