Weir Sukollawat နဲ့ Bella Ranee တို့ဟာ ထိုင်းနိုင်ငံရဲ့ ဆယ်လီစုံတွဲတစ်တွဲဖြစ်ပြီး တွဲလာ တာအတော်ကြာခဲ့ပါပြီ။ဒါပေမယ့် သူတို့ရဲ့ relationship ကို public ကို ချပြလိုက်တာ ကတော့ သိပ်မကြာသေးပါဘူး။

 

အခုဆိုရင်တော့ public ကိုချပြလိုက်ပြီးနောက် Instagram တွေမှာပါ နှစ်ယောက်သား အရမ်းကို ရိုမန်တစ်ဆန်နေကြတာကိုလည်း တွေ့ရပါတယ်။Weir တစ်ယောက် Bella နဲ့အတူမဂ္ဂဇင်းတစ်ခု အတွက် အတူတွဲဓါတ်ပုံရိုက်ကူးခဲ့သလို၊ပွဲတစ်ခုကိုလည်း နှစ်ယောက်သား ပထမဆုံး အကြိမ် အတူ တွဲ တက်ခဲ့ပါတယ်။

သူတို့တွဲရိုက်တဲ့ပုံကိုတော့ တစ်ချို့က pre-wedding ပုံနဲ့တူတယ်ဆိုပြီးတော့လည်း ပြောနေကြ ပါတယ်။နှစ်ယောက်အတူတွဲ ဓါတ်ပုံရိုက်တာနဲ့ပတ်သက်ပြီး Weir ရဲ့ ခံစားချက်ကို မေးတဲ့ အခါ မှာတော့ pre-wedding နဲ့မတူပါဘူး။ဒါက ဖက်ရှင်တစ်ခုပါ။ဒီလိုဖက်ရှင်မျိုးနဲ့ တစ်ခါမှ မရိုက်ဖူးတဲ့ အတွက် ကျွန်တော်လည်း သဘောကျပါတယ်လို့ ဖြေခဲ့ပါတယ်။

မဂ္ဂဇင်းရိုက်ဖို့အတွက် Weir ကို ဆက်သွယ်နေတာ အတော်ကြာခဲ့ကြောင်း၊သူတို့စုံတွဲ အားတဲ့ အချိန်မှာတော့ အခုလိုရိုက်ဖြစ်သွားတာလို့ သိရပါတယ်။Weir က သူနဲ့ Bella ရဲ့ ပတ်သက်မှုကို public ကိုချပြလိုက်ပြီးနောက်မှာတော့ လူတွေက Bella နဲ့ပတ်သက်ပြီး သူ့ကို စနောက် တဲ့ အခါမျိုးတွေမှာဆိုရင် ရှက်တယ်၊မျက်နှာပူမိတယ်လို့ ပြောခဲ့ပါတယ်။

from dara

 

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။