ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဆယ်လီ Baby လေးတွေ အများကြီးရှိပါတယ်။ သားသား၊မီးမီးလေးတွေကလည်း အရွယ်လေး တွေနဲ့ မလိုက်အောင် ငွေရှာကောင်းကြတဲ့ ကလေးလေးတွေ ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ၀င်ငွေအကောင်းဆုံး ဆယ်လီကလေးလေးတွေကတော့……………

1. Chompoo Araya ရဲ့ အမြွှာသားလေး(၂)ယောက်

ထိုင်းရုပ်ရှင်မင်းသမီးချော Chompoo Araya ကတော့ သူမရဲ့ ရင်သွေး အမြွှာလေး နှစ်ယောက် ကို (၂၀၁၇) စက်တင်ဘာလ(၆)ရက်နေ့က အောင်မြင်စွာ မွေးဖွားခဲ့တာပါ။‘Thunder and Storm’.(မိုးကြိုးနဲ့မုန်တိုင်း)ဆိုပြီး နာမည်ပေးထားပါတယ်။သူတို့လေးတွေက ကြော်ငြာတစ်ခုရိုက်ရင် ထိုင်းဘတ်ငွေ (၁)သန်းခွဲလောက် ရကြသူတွေပါ။

2. J Jetrin နဲ့ Pin Kejamanee ရဲ့ သားလေးတွေ

သူတို့မိသားစုကတော့ ကြော်ငြာအတူသရုပ်ဆောင်ရင် ထိုင်းဘတ်ငွေ (၁)သန်း ရပါတယ်။

3. Bow နဲ့ Mali

သူတို့လေးတွေကတော့ ပွဲတက်ပေးရင် ရတဲ့ ၀င်ငွေပမာဏက ထိုင်းဘတ်ငွေ (၂)သိန်းပါ။

4. Pei Panward

သူမရဲ့ သားလေးတွေကတော့ ပွဲတက်ပေးရင် ရတဲ့ ၀င်ငွေပမာဏကတော့ ထိုင်းဘတ်ငွေ (၂)သိန်း ပါ။

5. Kob Suvanant ရဲ့ ကလေးတွေ

သူမရဲ့ ကလေးလေးတွေကတော့ ပွဲတွေ တက်ရောက်ပေးရင် ရတဲ့ ၀င်ငွေပမာဏကတော့ ထိုင်းဘတ်ငွေ (၁)သိန်းခွဲ နဲ့ (၂)သိန်းကြား ရခဲ့ပါတယ်။

Source thainews