Ton Arch က တော့ အရင်တုန်းက သရုပ်ဆောင် မင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။(၂၀၀၆)ခုနှစ်မှာ “Khao Chon Kai” ဆိုတဲ့ ဟာသရုပ်ရှင်ကားနဲ့ ပွဲဦးထွက်ခဲ့တာပါ။နောက်ပိုင်းမှာတော့ သရုပ်ဆောင် အလုပ် မလုပ် တော့ပဲ ရေဒီယို DJ အဖြစ်နဲ့ ပဲ ဆက်ရှိ နေခဲ့ တာပါ။မင်းသမီး Taew ရဲ့ ရည်းစားဟောင်း အဖြစ် နဲ့ လည်း လူသိများပါတယ်။ Ton Arch က တော့ ပြီးခဲ့တဲ့ ရက်က မင်းသား James Jirayu နဲ့ တွေ့ဆုံခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Jirayu Tangsrisuk (@jirayu_jj)

မင်းသား James Jirayu နဲ့ တွေ့တဲ့ ပုံကိုတော့ Torn ရဲ့ IG မှာ ရော JJ ရဲ့ IG မှာ ပါ ဝေမျှ ထားပါတယ်။Ton က တော့ အနု ပညာလောက ထဲ တ ကျော့ပြန်ဝင်လာ တော့မှာလား ဆိုပြီး ပရိသတ်တွေ ရဲ့ ထင် ကြေး ပေးတာကို ခံ နေရပါတယ်။အခုလည်း JJ နဲ့ တွေ့ဆုံမှုက အလုပ် ကိစ္စ များ ဖြစ်နေ မလား ဆိုပြီး အားလုံးက တော့ သိချင် နေကြပါတယ်။သူတို့နှစ်ယောက် လုံးက တော့ ဓါတ်ပုံ တင် ထားရုံ သက်သက်ပဲ ဖြစ်ပြီး ဘာကြောင့်ေ တွ့ ဖြစ်ကြလဲ ဆိုတာကိုတော့ ထုတ် မပြော သေးပါဘူး။

 

View this post on Instagram

 

A post shared by Arch (@a_r_c_h)

James Jirayu နဲ့ Ton ကတော့ အခုမှ ရင်းနှီးနေတာ မဟုတ်ပါဘူး။ Taew တို့ ချစ်သူ ဘ၀တုန်းက James Jirayu အပါအ၀င် တခြား ဆယ်လီ စုံတွဲ တွေ နဲ့ အတူတူ ခရီးတွေ ထွက်ခဲ့ဖူးပါတယ်။သွားဖူးတဲ့ ခရီးစဉ်တွေ ထဲမှာတော့ ပြည်ပ ဂျပန် ခရီးစဉ် လည်း ပါပါတယ်။ ဂျပန် သွားတဲ့ ခရီးမှာ ဆိုရင် JJ နဲ့ သူ့ ကောင်မ လေး လည်း အတူ လိုက်ပါခဲ့ပါတယ်။ Alek Teeradetch နဲ့ Toey တို့ အတွဲ လည်း ပါခဲ့ပါတယ်။အဲ့ဒီတုန်းက ခရီးသွားတဲ့ အတွဲတွေ ထဲမှာ Ton တို့ အတွဲ ရော၊Toey တို့ အတွဲပါ အခုတော့ လမ်းခွဲ ကုန်ပါပြီ။

 

View this post on Instagram

 

A post shared by Arch (@a_r_c_h)

 

View this post on Instagram

 

A post shared by Arch (@a_r_c_h)

Ton Arch  က တော့ ၂၀၂၀ ထဲမှာ MV တစ်ခုမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။Season Five ဆိုတဲ့ အဖွဲ့ ရဲ့ သီချင်းဖြစ်ပြီး မင်းသမီး Yam Tantiprasut နဲ့ အတူ တွဲ သရုပ်ဆောင်ထားတာပါ။MV ကိုတော့ နိုဝင်ဘာ ၃ ရက်နေ့ကမှ Me Records ဆိုတဲ့ Youtube Channel မှာ ထွက်ရှိလာခဲ့တာပါ။

 

View this post on Instagram

 

A post shared by Arch (@a_r_c_h)

 

View this post on Instagram

 

A post shared by Arch (@a_r_c_h)

#CELENOW(ref:Ton Arch & JJ)