Ton Arch က တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဆယ်လီတွေထဲက တစ်ယောက်ပါ။၁၉၈၇ ခုနှစ် သြဂုတ် ၂၉ မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး အသက်က တော့ ၃၃ နှစ်ပါ။ မင်းသမီးချော Taew Natapohn ရဲ့ ချစ်သူဖြစ်ခဲ့ဖူးပါတယ်။၁၄ နှစ် လောက် တွဲခဲ့ ပြီး လက်ရှိမှာတော့ လမ်းခွဲ ပြတ်စဲ သွားပါပြီ။အနုပညာအသိုင်းအ၀ိုင်းနဲ့ မစိမ်းတဲ့ Ton Arch က တော့ အရင် တုန်းက မင်းသား လုပ်ခဲ့ဖူး ပါတယ်။ နောက်ပိုင်း ကျမှ အနုပညာအလုပ် ဆက်မလုပ်ြ ဖ စ်တော့တာပါ။

 

View this post on Instagram

 

A post shared by Arch (@a_r_c_h)

ဒါပေမယ့် ရေဒီယို DJ  အဖြစ်တော့ ဆက်လုပ် ဖြစ် နေခဲ့ပါတယ်။ပရိသတ်တွေက တော့ Ton Arch တစ်ေ ယာက် အနုပညာလောကထဲ ပြန်လာတော့ မှာလား ဆိုပြီး ထင် ကြေး ပေး နေကြ ပါတယ်။ မကြာ သေး ခင်တုန်းက သူပါဝင် သရုပ်ဆောင်ထားတဲ့ MV တစ်ခု ထွက်ရှိခဲ့ပါတယ်။ Season Five ဆိုတဲ့ အဖွဲ့ ရဲ့ သီချင်းဖြစ်ပြီး မင်းသမီး Yam Tantiprasut နဲ့ အတူ တွဲ သရုပ်ဆောင်ထားတာပါ။MV ကိုတော့ နိုဝင်ဘာ ၃ ရက်နေ့ကမှ Me Records ဆိုတဲ့ Youtube Channel မှာ တင်ခဲ့တာပါ။လက်ရှိ နိုဝင်ဘာ ၂၀ ရက်နေ့ အထိ တော့ အဲ့ဒီ MV ကို ကြည့်တဲ့ သူ နှစ်သန်း နီးပါး အထိ ရှိသွားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Yam Tantiprasut (@yammatira)

Ton Arch က တော့  ၂၀၀၆ တုန်းက အနုပညာအလုပ်တွေ လုပ်ခဲ့ဖူးပါတယ်။လက်ရှိမှာတော့ ရေဒီယို DJ   အဖြစ် FLEX 102.5 မှာ လုပ် နေပါတယ်။လန်ဒန် မှာ Marketing မာစတာ ဘွဲ့ ယူထားပြီး ဘဏ် တစ်ခုရဲ့ marketing department မှာလည်း အလုပ်လုပ် ခဲ့ဖူး ပါတယ်။

 

View this post on Instagram

 

A post shared by Arch (@a_r_c_h)

Taew Natapohn နဲ့ (၁၄)နှစ် တွဲ ခဲ့ ပေမယ့် (၂ဝ၂ဝ) ဧပြီ မှာတော့ လမ်းခွဲခဲ့ပါတယ်။လက်ရှိ အချစ်ရေး က တော့ Single အဖြစ် နဲ့ပဲ နေ နေ တယ်လို့ သူ့ရဲ့ Live တစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

#CELENOW(ref:IG/Ton Arch)