ထိုင်းနိုင်ငံမှာရော မြန်မာပရိသတ်တွေကြားမှာပါ ရေပန်းစားနေတဲ့ ထိုင်း မင်းသမီးချောလေး ရှိပါတယ်။ သူမကတော့ သစ္စာရှင်ဇနီး သည် (Faithful and Bel oved Wife) ဆိုတဲ့ ဒရမ်မာ ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့သူပါ။အမျိုးသားပရိသတ်တွေရဲ့ အားပေးမှု သာမက အမျိုးသမီးပရိသတ်ရဲ့ အားပေးဝန်းရံမှုကို ရထားသူပါ။ သူမကတော့ Thai TV3 ရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ပါ။ Buppesannivas ဇာတ်ကားမှာတော့ Karaked  ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။

(၁) ကပြားမလေး

သူမကတော့ ထိုင်းလူမျိုးစစ်မဟုတ်ပါဘူး။ သူမဟာ ထိုင်းနဲ့ဗြိတိန် စပ်ထားတဲ့ ကပြားမလေးပါ။အာရှနဲ့ အနောက်တိုင်း အလှတို့ ပေါင်းစပ်ထားတဲ့ အလှကို ပိုင်ဆိုင်ထားပါတယ်။

(၂)သူမရဲ့ အသက်

အမြဲနုပျိုလှပနေတဲ့ သူမရဲ့ အသက်ကို သိရင်တော့ အရမ်းအံ့သြသွားကြမှာပါ။ (၁၉၈၉)ခုနှစ် ဒီဇင်ဘာ (၂၄) မှာ မွေးဖွားခဲ့တာပါ။သူမရဲ့ အသက်ကတော့ (၂၉) နှစ်ပါ။

(၃)သူမရဲ့ ပထမဆုံး ဒရမ်မာဇာတ်ကား

သူမရဲ့ ပထမဆုံး TV ဒရမ်မာ ဇာတ်ကားကတော့ RoyMarn  ပါ။ဒီကားကိုတော့ (၂၀၁၁)မှာ ထုတ်လွှင့် ပြခဲ့တာပါ။ ဒီကား မှာတော့ BoyPakorn နဲ့ MargieRasri တို့ နဲ့ အတူ သရုပ်ဆောင်ခဲ့တာပါ။

(၄)ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခွင့်ရတဲ့ ပထမဆုံးဇာတ်ကား

ခေါင်းဆောင်မင်းသမီးနေရာကနေ ပထမဆုံး ရိုက်ကူးပါဝင်ခွင့်ရခဲ့တဲ့ ဇာတ်ကားကတော့ PhonphromOnlaweng (၂၀၁၃) ရိုက်ကူးခဲ့တာပါ။BoyPakorn နဲ့ အတူတွဲသရုပ်ဆောင်ခဲ့တာပါ။

(၅)သူမရဲ့ နာမည်ကြီးဇာတ်ကား

သူမကို နာမည်ကြီးစေခဲ့တဲ့၊ပရိသတ်တွေ ပိုသိစေခဲ့တဲ့ ဇာတ်ကား TV ဒရမ်မာကတော့  KhunChaiPuttipat ပါ။James Jirayu နဲ့ အတူသရုပ်ဆောင်ခဲ့တာပါ။အဲ့ဒီလိုနဲ့ TV drama နဲ့ ဘုရင်မတစ်ပါး ဖြစ်လာခဲ့ပါတယ်။

(၆)သူမ ရခဲ့တဲ့ ဆု

သူမဟာ Stars Light Awards 2017 ရဲ့ Charming Actress ၊HOWE Awards 2017 ရဲ့ Best Actress ဆု ရခဲ့ပါတယ်။

(၇)သူမနေတဲ့ အိမ်ရဲ့ တန်ဖိုး

Bella Ranee  ရဲ့ အိမ်တန်ဖိုးကတော့ ထိုင်းဘတ်ငွေ (10,000,000) တန်ပါတယ်။သူမရဲ့ မိခင်နဲ့ အတူ နေပါတယ်။

(၈)အချစ်ရေး

သူမရဲ့ အချစ်ရေးကတော့ အားလုံးသိတဲ့ အတိုင်းပါ။သူမရဲ့ ချစ်သူကတော့ မင်းသားချော Weir Sukollawat ပါ။တွဲ နေတယ်လို့ ပရိသတ်တွေကို ၀န်ခံလိုက်တာ သိပ်မကြာသေးပေမယ့် အမှန်တကယ်ကတော့ သူတို့ တွဲလာတာ (၅) နှစ်လောက်ရှိပါပြီ။

from thainews