ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင် တွေ အများကြီးရှိပါတယ်။အဲ့ဒီအထဲကမှ အနုပညာလောကထဲကို စရောက်ခါ စ လုပ်ခဲ့ရတဲ့ ပထမဆုံး အလုပ်တွေ အ ကြောင်းကို ရင်ဖွင့်လာတဲ့ ထိုင်းအနုပညာရှင်တွေ ကို ဖော်ပြ ပေးချင်ပါတယ်။ဒီအ ကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာပါ။
Ryu Vachirawich
Ryu Vachirawich က တော့ အဆိုတော် မင်းသား အဖြစ်နဲ့ ရပ်တည်နေသူပါ။သူ့ရဲ့ ပထမဆုံး အလုပ် အ ကြောင်းကိုတော့ TV show ‘3 Zaap’ မှာ ထုတ်ပြောခဲ့ပါတယ်။အနုပညာထဲဝင်ခါ စ က သူလုပ်ခဲ့ရတဲ့ ပထမဆုံး အလုပ် က တော့ မော်ဒယ်ပါ။ဖက်ရှင် Show တစ်ခုမှာ မော်ဒယ် အဖြစ်နဲ့ ပါဝင် ပေးခဲ့ရတာပါ။
Vee Violette
Vee Violette က တော့ ‘The Driver’ ဆိုတဲ့ Show မှာ ပါဝင်ခဲ့တုန်းက သူမရဲ့ အလုပ် အကြောင်းကို ပြော ပြ ခဲ့တာပါ။ အသက် (၁၅)နှစ်မှာ ဒီလောကထဲကို ရောက်လာတာပါ။သူမက တော့ နာမည်ကြီး အမျိုးသား အဆိုတော် အဖွဲ့ C-Quint ရဲ့ MV မှာ ပါဝင် ပေးခဲ့တာပါ။ဒီအလုပ်က အနုပညာလောကထဲ ၀င်လာချိန်မှာ သူမ လုပ်တဲ့ ပထမဆုံး အလုပ်ပါ။
Yaya Urassaya
Yaya Urassaya က တော့ လက်ရှိ နာမည်ကြီး မင်းသမီးတစ်ယောက်ပါ။ထိုင်းမှာ တင်မဟုတ်ပဲ အာရှတစ်လွှားမှာပါ သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေ အများကြီးပါ။ TV show ‘3 Zaap’ ကို လာတုန်းက သူမ လုပ်ခဲ့တဲ့ ပထမဆုံး အလုပ် အ ကြောင်း ပြောခဲ့ပါတယ်။အနုပညာလောကထဲ စရောက်တုန်းက လုပ်ခဲ့ရတဲ့ ပထမဆုံး အလုပ် က တော့ မော်ဒယ်ပါ။ဖက်ရှင် Show တစ်ခုမှာ မော်ဒယ် လုပ်ခဲ့ရတာပါ။
#CELENOW