ထိုင်းမင်းသမီးချောလေး Margie Rasri ကတော့ သူမရဲ့ ချစ်သူ Pok Passakorn နဲ့ ဒီဇင်ဘာ (၂၄)ရက်နေ့က လက်ထပ်လိုက်ပါပြီ။ စေ့စပ်ပွဲကိုတော့ ဘန်ကောက်မြို့ Centara Grand and Bangkok Convention Centre မှာ စေ့စပ်ပွဲကျင်းပပြုလုပ်ခဲ့တာပါ။ စေ့စပ်ပွဲပြီးမှ လက်ထပ်ပွဲကို ကျင်းပခဲ့တာပါ။ စေ့စပ်ပွဲကိုရော အခုကျင်းပတဲ့ လက်ထပ်ပွဲကိုပါ အနုပညာ အသိုင်းအ၀ိုင်းက သူမရဲ့ မိတ်ဆွေသူငယ်ချင်းတွေ အများကြီး တက်ရောက်ခဲ့ကြပါတယ်။

စေ့စပ်ပွဲ မကျင်းပခင်တုန်းကလည်း Margie ဟာ ဒီပွဲမတိုင်ခင်တုန်းက သတို့သမီးကြိုဆိုတဲ့ bridal shower ပွဲလေးကျင်းပခဲ့ပါသေးတယ်။ Margie ရဲ့ချစ်သူ Pok ရဲ့အဖေဟာ အရမ်းကိုချမ်းသာတဲ့ ဟိုတယ်လုပ်ငန်းရှင် မီလီယံနာတစ်ယောက်ပါ။

ဒါကြောင့်လည်း Margie Rasri  နဲ့ Pok Passakorn တို့ရဲ့ မင်္ဂလာပွဲဟာ အရမ်းကို ခမ်းနားကြီးကျယ်ခဲ့ပါတယ်။ မင်္ဂလာသတို့သမီးဝတ်စုံဆိုရင် (၃)စုံတောင် ၀တ်ခဲ့တာကို တွေ့ရပါတယ်။ သူမနောက်ဆုံး ၀တ်ဆင်ခဲ့တဲ့ သတို့သမီးဝတ်စုံကတော့ အရမ်းကို လှပလွန်းလို့ လူပြောများနေခဲ့ပါတယ်။

မင်္ဂလာကိတ်မုန့်လှီးတုန်းက၀တ်ခဲ့တဲ့ ၀တ်စုံလေးပါ။ အရမ်းကို လှပတဲ့ဝတ်စုံလေးပါ။ ၀တ်စုံရဲ့ အလေးချိန်ကတော့ (37 kg)ပါ။ ခရစ်စတယ်တွေနဲ့ အလှဆင်ထားပါတယ်။ ၀တ်စုံရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (15,270 USD)၊ ထိုင်းဘတ်ငွေနဲ့ဆိုရင် (၅)သန်းပါ။ သူမရဲ့ ခမ်းနားကြီးကျယ်လွန်းတဲ့ သတို့သမီးဝတ်စုံကိုဆိုရင် မီဒီယာတွေရော၊ ပရိသတ်တွေကပါ ချီးကျူးပြောဆိုခဲ့တာကို တွေ့ရပါတယ်။

from dara news