“The Con-Heartist” က တော့ ထိုင်းမှာရှိတဲ့ ပြည်တွင်း ပရိသတ်တွေ တင် မကပဲ တခြား အာရှ နိုင်ငံ တွေ ဆီက ပရိသတ်ေ တွရဲ့ နှစ်သက် အားပေးမှုကို ပါ ရခဲ့ပါတယ်။“The Con-Heartist” က တော့ အခုဆိုရင် ဗီယက်နမ် ပရိသတ် တွေဆီက ပါ ချီးကျူး အားပေးမှုကို ရခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသား Nadech Kugimiya နဲ့ မင်းသမီး Baifern Pimchanok တို့က အဓိက သရုပ် ဆောင် တွေ အဖြစ် ပါဝင် ခဲ့ တာပါ။ဗီယက်နမ် မှာတော့ ၂၀၂၁ ဇန်န၀ါရီ ၁၅ ရက်နေ့က ပြသ ခဲ့တာပါ။ဒီအ ကြောင်းကိုတော့ Thai Update မှာဖော်ပြခဲ့ တာပါ။
View this post on Instagram
ဗီယက်နမ်မှာတော့ pre-screening ကိုတော့ ဇန်န၀ါရီ ၁၂ က နေ ၁၄ မှာ ပြသ ခဲ့ပါတယ်။ဗီယက်နမ် Box Office မှာ တော့ ဘတ် ငွေ (၁.၆)သန်း ရခဲ့ပါတယ်။ဗီယက်နမ် ပရိသတ်တွေ က တော့ “The Con-Heartist” ကို တော်တော် လေး သဘောကျ အကြိုက် တွေ့ အားပေး ခဲ့ ကြပါတယ်။ဒီဇာတ်ကားကိုတော့ တခြားသော အာရှနိုင်ငံ တွေ မှာပါ ပြသ ခဲ့၊ပြသ သွားအုံးမှာပါ။ကမ္ဘောဒီးယား မှာတော့ ဇန်န၀ါရီ ၁၃ မှာ ပြသ ခဲ့ပါတယ်။စင်ကာပူမှာတော့ ဇန်န၀ါရီ ၂၁ နဲ့ ထိုင်ဝမ် မှာတော့ ဇန်န၀ါရီ ၂၉ မှာ ပြသ သွားမှာပါ။
View this post on Instagram
View this post on Instagram
ထိုင်းမှာ ပြသ ခဲ့တုန်းက တော့ ရုံတင်ပြီး ၈ ရက် အကြာမှာ ရခဲ့တဲ့ Box Office ၀င်ငွေ စုစုပေါင်းက ဘတ်ငွေ (၅၁.၆)သန်း အထိ ရှိခဲ့ပါတယ်။“The Con-Heartist” က တော့ ရုံတင်ပြသ တဲ့ ပထမ နေ့ မှာ တင် ၀င်ငွေ ဘတ်(၃.၆၈)သန်း အထိ ရခဲ့ပြီး ၂၀၂၀ အတွင်း ပြသ ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ တော့ ရုံတင် ပထမရက်မှာ ၀င်ငွေ အများဆုံး ရတဲ့ ဒုတိယ မြောက် ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ပထမဇာတ်ကား က တော့ Pee Nak 2 ဖြစ်ပြီး ၀င်ငွေ ဘတ် (၃.၉၆)သန်း ရှိပါတယ်။
View this post on Instagram
#CELENOW