ထိုင်းဒရမ်မာဇာတ်ကားတွေကို ကြိုက်တဲ့ ပရိသတ်တွေ အတွက် ဇာတ်ကားကောင်းလေး တစ်ကား ကို ညွှန်း ပေးချင်ပါတယ်။အခုမှ စ ပြ တဲ့ ဇာတ်ကားလေးပါ။ဇာတ်ကား အစ မှာတင်ပဲ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ ရခဲ့တဲ့ ဒရမ်မာကားရဲ့ နာမည်က တော့ “Ngao Boon” ပါ။ဒီဇာတ်ကားမှာတော့ Om Akapan  နဲ့ Pim Pimprapa  တို့က အဓိက သရုပ်ဆောင်တွေ အ နေနဲ့ ပါဝင် ပေးထားကြပါတယ်။

စက်တင်ဘာ (၁၆) က နေ နိုဝင်ဘာ (၄) ရက်နေ့ အထိ ထုတ်လွှင့်ပြသ သွားမှာပါ။ဒီဇာတ်ကား လေးက တော့ မင်းသမီး Pim Pimprapa  ရဲ့ နောက်ထပ် အသစ် ထွက်လာတဲ့ ဇာတ်ကားပါ။ Prom Pissawatဆိုတဲ့ ဇာတ်ကား ပြသ ပြီး သိပ် မကြာခင်မှာပဲ နောက်ထပ် အသစ် ထပ် ထွက်လာတဲ့ ဇာတ်ကားပါ။ပထမ ဇာတ်ကား က တော့ အချစ်ဒရမ်မာ ဇာတ်ကား ပါ။အခု ထွက်လာတဲ့ ဇာတ်ကားက တော့ Horror ဆန်တဲ့ ဇာတ်ကားမျိုးပါ။သရဲ တွေ၊၀ိဥာဉ် တွေ ပါပါတယ်။

 

View this post on Instagram

 

ผีในละคร “เงาบุญ” ขอบอกเลยน่ากลัวมาก

A post shared by Akapan Namatra (OM)🇹🇭 (@omakapan) on

 

View this post on Instagram

 

#เงาบุญ

A post shared by Leak Love (@leaklove014) on

ထိုင်းဒရမ်မာ ဇာတ်ကားကို ဒီအတိုင်း ကြည့်ရတာ ရိုးလာပြီ၊သရဲကားတွေ ကြိုက်တယ်ဆိုရင်တော့ ရွေးချယ် သင့်တဲ့ ဇာတ်ကားမျိုးပါ။ဇာတ်ကား အကျဉ်းကို ပရိသတ်တွေ အတွက် အနည်းငယ်ဝေမျှ ပေးချင်ပါတယ်။Sita ဆိုတဲ့ မိန်းက လေး က သူမရဲ့ ဖခင် ဖြစ်သူကို ဆုံးရှုံးခဲ့ပါတယ်။အဖေ ဖြစ်သူ ကိုယ့်ကိုယ်ကို သတ် သေ ပြီး ကွယ်လွန် သွားတယ်ဆိုတာ ကြောင့် ထိုင်းကို ပြန်လာခဲ့ပါတယ်။

အဲ့ဒီမှာပဲ သူမရဲ့ အ မွေ တွေကို အပိုင်စီး ဖို့ ကြံ နေတဲ့ သူတွေ နဲ့ ရင်ဆိုင် ရမှာပါ။အဖေ ဖြစ်သူရဲ့ ဈာပန ကို ပြန်လာ ချိန်မှာေ တာ့ သူမကိုယ်တိုင် လည်း နာနာဘ၀ အ ကောင်ကြီးကို မြင် တွေ့ နေရပါတယ်။အဲ့ဒီဟာ ကြီးက သူမရဲ့ အ ဖေ လား၊သူမ အဖေ သတ် သေ တယ်ဆိုတဲ့ ကိစ္စ မှာရော နောက်ကွယ်မှာ ဘယ်လို အ ကြောင်းတွေ ရှိ နေလဲ ဆိုတာကို တော့ ဒီဇာတ်ကား ထဲမှာ ကြည့်ရှု ရမှာပါ။

#CELENOW